အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်

4.7K 292 22
                                    

Unicode

သစ်လွင်နေတဲ့မနက်ခင်းလေးမှာ ထွက်ကာစ နေမင်းကြီးက ရောင်ခြည်လေးတွေဖြာဆင်းကာဖြင့် နုသစ်သောအလင်းရောင်လေးတွေကိုနေ့သစ်တစ်ခုအတွက်သန့်စင်စွာဖြန့်ကျဲပေးလို့နေသည်။
ထိုနေ့သစ်အစပျိုးချိန်ဝယ် တာဝန်ကိုယ်စီဖြင့်လူသားများသည်လည်း မိမိတို့၏တာဝန်ကိုယ်စီကိုဆောင်ရွက်ရန်သွားလာလူပ်ရှားပြုနေကြပြီဖြစ်၏။ ထိုလူသားများနည်းတူ သူဟာလည်းသူ့ရဲ့တစ်နေ့တာ တာဝန်များကိုဆောင်ရွက်ရန်သွားလာလူပ်ရှားပြုနေရပြီဖြစ်၏။ သူ့ကားလေးက ခြံရှေ့ရောက်လာတော့ ခြံစောင့်ဉီးလေးကြီးကအလိုက်သိစွာတံခါးကိုအဆင်အသင့်ဖွင့်ပေးသည်။
အလိုက်သိဆို သူကနေ့တိုင်းလာနေကြမဟုတ်ပါလား......

ဒီအိမ်ကိုနေ့တိုင်း လာနေရခြင်းကလည်းသူ့အတွက် တာဝန်တစ်ခုပင်။
သူအရမ်းသဘောကျရတဲ့တာဝန်ဆိုပိုမှန်လိမ့်မည်။ ကားကိုခြံထဲဖြတ်ဝင်မောင်းလာရင်း မှန်ကိုချလိုက်ကာ တံခါးဖွင့်ပြီးပြုံးပြနေသော ဉီးလေးကြီးကို ပြန်လည်းပြုံးပြနူတ်ဆက်လိုက်သည်။

"Morningပါဉီးလေးကြီးရယ်"

"Morningပါလူလေး"

သူ့ရဲ့အသံနဲ့ဉီးလေးကြီးတို့ရဲ့အသံက မနက်ခင်းရဲ့တိတ်ဆိတ်မူထဲဖြိုခွင်းလိုက်သည်။ ထိုအချိန်ကားပြတင်း ပေါက်ကိုဖွင့်ထားမိသည်ကြောင့် ပန်းရနံ့မျိုးစုံတို့ကနှာခေါင်းထဲအလုအယက်တိုးဝင်လာကြ၏။
ခြံထဲဖြတ်မောင်းလာတဲ့တစ်လျှောက်လုံး မွှေးပျံ့နေသောပန်းရနံ့တို့ကိုသဘောကျစွာ
ရူရိူက်ရင်း ပေါ်တီကိုအောက်ရောက်တော့မှကားကိုရပ်လိုက်ကာ အထဲသို့ဝင်လာခဲ့လိုက်သည်။

အိမ်ထဲတွင် ထိုခြံထဲမှပန်းရနံ့တွေအားလုံးထက်ပိုမွှေးသော ပိုလှသောလူသားပန်းငယ်တစ်ပွင့်ရှိလို့၏။
ထိုလူသားငယ်ရဲ့မွှေးရနံသင်းသင်းတွေကိုရူရိူက်ခံစားမိတိုင်း စိတ်တွေလန်းဆန်းသွားတာက ဘာနဲ့မှလဲမရနိုင်အောင်ပင်။ ထိုလူသားငယ်က သူ့အတွက်တန်ဖိုးရှိလှသည်။

"ဟော သားjiminရောက်ပြီလား။ မင်းသူငယ်ချင်းကိုတော့ကိုယ့်ဘာသာပဲသွားနှိုးလိုက်ပါတော့ကွယ် အန်တီသွားနိုးတာထပြီထပြီနဲ့သူအဖေတောင်ရုံးသွားပြီ အခုထိရောက်မလာသေးဘူးအဲကလေးက "

Purple Dream [Complete] Where stories live. Discover now