လိမ္မော်ခင်းကြီးထဲကကုကီ

1.3K 123 24
                                    

Unicode

"မင်းဒီမှာပဲအိပ်လိုက်ယောင်း... ငါဆိုဖာမှာသွားအိပ်မယ်။ နောက်တစ်ခန်းမှာသွားအိပ်ရင် ဒေါ်ကြီးတို့ကိုမလိုအပ်ပဲစကားတွေအများကြီးပြောနေရလိမ့်မယ် "

ကုတင်ဘေးရပ်နေတဲ့taehyungကိုကျော်ပြီး ကုတင်ပေါ်မှခေါင်းအုံးတစ်လုံးကိုလှမ်းယူလိုက်သောjungkook။
taehyungဘာမှမပြောမိပဲ ဒီတိုင်းရပ်ကြည့်နေမိသည်။ jungkookခေါင်းအုံးကိုယူပြီး ဆိုဖာရှိရာသွားရန်ကျောခိုင်းလိုက်တော့မှ taehyungအသံခပ်တိုးတိုးထွက်လာ၏။

"ကုတင်ပေါ်မှာပဲအိပ်ပါဂျွန်... မင်းကငါ့ကိုခိုးလာတာဆို..."

ဆိုဖာပေါ်လှမ်းနေသောခြေလှမ်းများက ထိုစကားကြောင့်ရပ်တန့်သွားလျှင် taehyungကပင်ဆက်ပြောလာသည်။

"ငါတို့တစ်ကုတင်ထဲအတူအိပ်လို့ရတယ်မလား... အခုငါတို့ကဘာတွေလည်းငါသေချာမသိပေမဲ့ ငါတို့သူငယ်ချင်းတွေဖြစ်ခဲ့တာပါပဲလေ။ ငါနဲ့အတူလာအိပ်ပါ"

ထိုအခါလှည့်ကြည့်လာသောဂျွန်က သူမျက်ဝန်းတွေကိုအကဲခတ်သလိုမျိုးစိုက်ကြည့်လာသည်။ သူ ဂျွန့်မျက်ဝန်းတွေကိုမရှောင်ဖယ်မိ။
မင်းနဲ့အတူအိပ်ရမှာက ငါ့အတွက်ဒီလောက်ခက်ခဲမနေပါဘူးဂျွန်....

"အင်း မင်းအဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲယောင်း... ငါကမင်းမအိပ်တတ်ဘူးထင်လို့"

ကုတင်တစ်ဖက်တစ်ချက်စီမှာလှဲလျောင်းနေသောသူတို့နှစ်ယောက်မှာဘာစကားမှမဆိုမိကြ။ တိတ်ဆိတ်နေတဲ့အခန်းထဲမှာမို့ ဂျွန့်ရဲ့အသက်ရူသံသဲ့သဲ့ကိုသူကြားနေရသည်။
သူခေါင်းအောက်လက်ထည့်ပြီးပက်လက်အိပ်နေသောဂျွန့်ကို သူငေးကြည့်နေမိလျှင် ခဏအတွင်း ရင်ထဲတစ်ဆစ့်ဆစ့်ကိုက်ခဲလာရသည်။

ငါတို့ရဲ့အခုအခြေအနေက ဘယ်လိုမျိုးလဲဂျွန်.... တစ်ခန်းထဲ၊ တစ်ကုတင်ထဲတူရှိနေတဲ့အပြင် မင်းရဲ့ဝင်လေထွက်လေကိုတောင်ခံစားလို့ရနေတဲ့ ဒီအကွာလေးက ငါတို့ကိုမိုင်ပေါင်းသောင်းရှစ်ထောင်လောက်ကွာနေရသလိုပဲ။ အဲဒါက ငါတို့ရဲ့ခံစားချက်တွေကြောင့်လား။မင်းကငါ့ရဲ့လက်တစ်ကမ်းစာမှာရှိနေပေမဲ့ တစ်ကယ်တန်းကျတော့ ဟို..... အဝေးဆုံးမှာဂျွန်....
နီးတယ်ထင်ရပေမဲ့ တစ်ကယ်တမ်းကျအဝေးကြီး။

Purple Dream [Complete] Where stories live. Discover now