ပြသာနာတို့ပြီးဆုံးချိန် ...

1.5K 127 121
                                    

Unicode.

"မင်းကြည့်လိုက်Enn Hana"

Enn Hanaမှာjiminကမ်းပေးလာသော စာအိပ်အားဖွင့်ကြည့်၍ မျက်နှာမှာဟန်မဆောင်နိုင်အောင်ပင်ပျက်ယွင်းသွားခဲ့သည်။
ထို့နောက်တုန်ရီလာသောလက်တွေကို လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။
ထို့နောက် jiminအားအတင့်ရဲစွာမော့ကြည့်လာသည်က သူမအမှားတစ်ခုမှမလုပ်ထားသည့်အတိုင်း။

Jiminနှင့်Enn Hanaမှာစားသောက်ဆိုင်တစ်ဆိုင်၏ သီးသန့်ခန်းတွင်တွေ့ဆုံ၍ ပြောနေကြခြင်းဖြစ်သည်။ သီးသန့်ခန်းသုံးထားသည်က မိန်းကလေးဖြစ်တဲ့Enn Hanaရဲ့ဂုဏ်သိက္ခာကိုသူ့ဘက်က အတတ်နိုင်ဆုံးငဲ့ညာပေးထားခြင်းပင်။

"ရှင်သက်သေအတုလုပ်ထားတာကိုကို... ဒီဗိုက်ထဲကလေးက ကိုကို့ကလေးပဲ"

"ကျစ်! Enn Hanaမင်းတော်တော်အရှက်မရှိတဲ့မိန်းမပဲ။ မင်းလိုမိန်းမမျိုးကို ငါဘယ်လိုစကားနဲ့တောင်ပြောရမလဲမသိတော့ဘူး။
သေချာတာကတော့ အောက်တန်းကျပြီး ရွံစရာကောင်းလွန်းတယ်ဆိုတာပဲ"

"ရှင်.."

Enn Hanaမှာရှက်စိတ်၊ ဒေါသစိတ်တို့ကြောင့်မျက်ရည်တွေကျလာကာ ဆေးရောင်ခြယ်နူတ်ခမ်းအား တင်းတင်းဖိကိုက်ထားသည်။ သို့ပေမဲ့... jiminနည်းနည်းမှစိတ်မကောင်းမဖြစ်မိ။သက်သေတွေအကုန်ရှိနေတာတောင် သူမကမျက်နှာပြောင်တိုက်၍ ငြင်းချင်သေးသည်။
သူမဖန်တီးခဲ့သောလုပ်ဇာတ်ကြီးတွင် သူတင်မက ထယ်ပါမည်မျှနာကျင်၊ ပင်းပန်းခဲ့ရလဲ သူသာလျှင်အသိဆုံးဖြစ်သည်။

"မင်းငါနဲ့ထပ်ပြီး မပတ်သက်နဲ့တော့Enn Hana။ မင်းလုပ်ရပ်ကို ငါဘယ်လောက်ထိတုံ့ပြန်လို့ရလဲမင်းသိတယ်မလား....
မင်းထောင်ကျမဲ့အပြင် မင်းအသိုင်းအဝိုင်းတစ်ခုလုံးမင်းကြောင့်အရှက်ရရလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် မင်းမိဘတွေမျက်နှာနဲ့ငါဘာမှမလုပ်ခဲ့ဘူး။
အခု မင်းမိဘတွေဆီကိုလည်းဒီအချက်အလက်တွေအကုန်ပို့လိုက်ပြီးပြီး။ ငါ့မိဘတွေရော မင်းမိဘတွေပါဒီအကြောင်းတွေအကုန် သိသွားကြပြီ....
ဒါကြောင့် ရပ်လိုက်တော့။ ဒီလောက်နဲ့အကုန်ရပ်လိုက်တော့"

"ဟင့်အင်း ကိုကို။ မရပ်နိုင်ဘူး။
ဘာကြောင့်ကိုကို့ကို အခုလိုလုပ်ခဲ့လဲကိုကိုသိလား...ဟင်ကိုကိုသိရဲ့လား....
ချစ်လို့... ကိုကို့ကိုသိပ်ချစ်လို့ပဲ။ ကိုကို့က Hanaအပိုင်ပဲဖြစ်ရမယ်။ ဘယ်သူ့ကိုမှမပေးနိုင်ဘူး"

Purple Dream [Complete] Where stories live. Discover now