ခရမ်းရောင်လီလီနှင့်တူသောဂျွန်

1.9K 205 42
                                    

Unicode

Jiminအိပ်ရာမှနိုးတည်းက ထယ်ဆီကိုသွား
မည့်စိတ်ကူးဖြင့် ပြင်ဆင်ကာဆင်းလာခဲ့လိုက်သည်။ ဖြူရောင်တီရှပ်လက်ရှည်ကိုအနက်ရောင်ဘောင်းဘီရှည်ဖြင့်တွဲဝတ်ထားသည်ကြောင့်jiminရဲ့ဖြူဖွေးသည့်အသားအရေဟာ ပိုပြီးပင်ထင်းလို့နေကာမနက်ခင်းရောင်ခြယ်တို့နဲ့အပြိုင်တောက်ပလို့နေ၏။ ထူးခြားပြင်ဆင်ထားခြင်းမရှိပါပဲ သာမာန်အဝတ်အစားတွေဖြင့်ပင် တောက်ပ
နေသောjiminဟာခန့်ညားချောမောသည့်ယောက်ျားပျိုတစ်ယောက်ဖြစ်ရာjungkook လို uniပျိုမေတို့မျက်စိကျရသည့်ယောက်ျားမျိုးတွင်ပါဝင်သည်။

jungkookနှင့်jiminကရုပ်ချောကြတာချင်းတူပေမဲ့ချောမောပုံခြင်းမတူ။အကျင့်ခြင်းမတူ၊အယူအဆချင်းလည်းမတူ။
Jungkookကမိမိုက်ဆွဲဆောင်မူရှိသောပုံစံကြောင့် စွဲမက်စရာကောင်းသလို Jiminဟာလည်းနွေးထွေးရှင်းသန့်သောရုပ်သွင်ကြောင့် ချစ်သူကောင်လေးအဖြစ်လိုချင်တတ်မက်စရာကောင်းသည်။
ထိုနှစ်ယောက်နဲ့ခြားနားစွာtaehyungဟာ နူးညံ့ဖြူစင်သောပန်းလေးတစ်ပွင့်နှယ်အပြစ်ကင်းချစ်စရာကောင်းလှ၏။
ပုံစံချင်းအနည်းငယ်မှမတူသောသူတို့သူငယ်ချင်းသုံးယောက်ဟာuniမှာနာမည်ကြီးရေပန်းစားကြသည်။

"ဟော သားငယ်နိုးလာပြီပဲ...
လာ သားငယ်ဖေဖေနဲ့အတူမနက်စာလာစား"

"Good Morningပါ မေမေနဲ့ဖေဖေ"

သူနူတ်ဆက်လိုက်တော့ဖေဖေက ပြန်နူတ်ဆက်ပေမဲ့ မေမေကဘာမှပြန်မပြောပဲပြုံးကာ သူ့အတွက်မနက်စာပြင်ပေးနေသည်။

"Morningပါသားငယ်.."

"ဖေဖေဒီနေ့ရုံးမသွားရဘူးလား..."

"ဟုတ်တယ် ဒီနေ့သိပ်နေမကောင်းချင်တာနဲ့မသွားတော့ဘူးလုပ်နေတာသားငယ်ရာ... အခုရုံးမှာအရေးကြီးကိစ္စရှိလို့တဲ့ သွားရမှာပါ"

"ဟောဗျာ..အခုကိစ္စကဖေဖေသွားမှဖြစ်မှာလား။ အရမ်းအရေးကြီးလို့လား
ဖေဖေကနေမှမကောင်းတာကို"

Jiminကအမေဖြစ်သူချပေးသော ကောဖီကိုတစ်ကျိတ်သောက်ပြီး အဖေဖြစ်သူကိုစိုးရိမ်သွားတာကြောင့် စိတ်ထဲအလိုမကျဖြစ်သွားကာမျက်ခုံးအနည်းငယ်ကျုံး၍ဆိုလာသည်။
ထိုအခါMr Parkကjiminကိုကြည့်ပြီးသဘောတစ်ကျပြုံး၏။
Mr's Parkကတော့သားအဖနှစ်ယောက်ကိုကြည့်ပြီးဘာမှမပြောပဲ မနက်စာကိုသာစားနေသည်။

Purple Dream [Complete] Where stories live. Discover now