အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း

1.4K 149 14
                                    

Unicode

December 30

ဤနေ့မှာ taehyung၏မွေးနေ့ပင်ဖြစ်သည်။ သို့သော်မွေးနေ့ရှင်taehyungမှာ သူ၏ပန်းဆိုင်ထဲတွင်သာအလုပ်ရှုပ်နေပြီး မွေးနေ့ဆိုတာကိုပင်သတိရရဲ့လားမသေချာ။

စာရင်းများလုပ်နေသောtaehyungမှာအချိန်အတော်ကြာသည်အထိ screenကအကြည့်မလွဲနိုင်။ အကြောင်းမှာနှစ်ကုန်ခါနီးပြီမို့ ပန်းဆိုင်၏ငွေဝင်၊ငွေထွက် နှစ်ချုပ်စာရင်းအားတိကျသေချာစွာလုပ်နေခြင်းကြောင့်ပင်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများလိုငွေဝင်၊ငွေထွက်အရမ်းမများပေမဲ့ သူ၏ပန်းဆိုင်သည်လည်းနာမည်ရနေသောဆိုင်တစ်ခုဖြစ်သည်မို့ အထိုက်အလျောက်တော့ငွေကိစ္စကအလုပ်ရှုပ်ရပါ၏။

နောက်ဆုံး နှစ်ချုပ်စာရင်းလုပ်၍ပြီးသွားသောခါtaehyungမှာ screenတွင်သာအာရုံစူးစိုက်နေရ၍ တောင့်တင်းနေပြီဖြစ်သော လည်ပင်းကြောများအား ခေါင်းကိုဘယ်ညာယိမ်း၍ဖြေလျော့လိုက်သည်။
စာရင်းလုပ်ထားရ၍ နွမ်းနယ်နေပြီဖြစ်စိတ်တို့​ကြောင့် စိတ်လန်းသွားအောင်တစ်ခုပဲဖြစ်ဖြစ်သောက်ချင်စိတ်ဖြစ်လာ၏။
ဗိုက်လည်းဆာနေပြီပင်။

ဆိုင်အပြင်ကိုလှမ်းကြည့်တော့ ညနေစောင်းနေပြီဖြစ်တာကြောင့် စားစရာ၊ဘာညာတွေလည်းမမှာချင်တော့။ သိပ်မကြာခင်မှာပဲအိမ်ပြန်ရတော့မည်။ ထိုအချိန် သူရှေ့လက်တော့ပ်တင်ထားသောစားပွဲဆီ ရောက်လာသော ချောကလက်နို့တစ်ခွက်နဲ့ ပူတင်းခွက်လေးတစ်ခု။

"အကိုဗိုက်ဆာနေမယ်ထင်လို့။ ကျွန်တော်လည်းကိုယ့်ဘာသာမှာစားရင်း အကို့အတွက်ပါမှာလိုက်တာ။ အကိုကအလုပ်ကိုအာရုံစူးစိုက်နေတော့ ကျွန်တော်လည်းအဆင်ပြေမယ်ထင်တာလေးမှာလိုက်တာ... အကိုဘာစားမလဲ မမေးလိုက်မိဘူး "

"ရတယ်ဘန်ဘန် ဒါတွေကအဆင်ပြေပါတယ်။ အကို တစ်ကယ်ဗိုက်ဆာနေတာ။ ကျေးဇူးနော်"

အလိုက်သိလွန်းပါတဲ့အကောက်ပေါက်ကြောင့် သူသဘောကျစွာပြုံးမိရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
ချောကလက်နို့အား တစ်ကျိတ်မော့သောက်လိုက်တော့ နွေးနေသေးသောချိုခါးခါးအရသာကြောင့်စိတ်တွေလန်းသွားသလိုပင်။ အေးစိမ့်နေသောရာသီဥတုနဲ့လည်းလိုက်ဖက်လွန်းပါ၏။

Purple Dream [Complete] Where stories live. Discover now