ကျွန်တော်မမှတ်မိသောသူမ

1.9K 187 32
                                    

Unicode

လိပ်စာအတိုင်းကားကိုမောင်းနှင်လာခဲ့တော့ ရောက်လာခဲ့သည်က ခတ်မှီအဆင့်မြင့်စွာ
ဖြင့်ဆောက်လုပ်ထားသောတိုက်ကြီးတစ်ခုရှေ့ဖြစ်၏။ jiminကားကိုရပ်ပြီးလိပ်စာကိုသေချာပြန်ကြည့်လိုက်ကာ သေချာတော့မှကားဟွန်းတီးလိုက်သလို ခြံတံခါးလာဖွင့်ပေးမည်ကိုစောင့်နေလိုက်သည်။
ခဏအကြာရောက်လာသောလူကြီးတစ်ယောက်ကတံခါးဖွင့်ပေးတာကြောင့် jiminကားပြတင်းပေါက်တံခါးကို ဖွင့်ချလိုက်သည်။

"ဒါကMr's Ennရဲ့အိမ်ဟုတ်တယ်မလားဉီးလေး"

"ဟုတ်ပါတယ် Mr's Ennတို့မင်းကိုစောင့်နေကြတယ် မောင်းဝင်သွားလိုက်ပါ"

"ဟုတ်ကျေးဇူးပါဗျ"

မောင်းဝင်လာသောလမ်းတစ်လျှောက်မှာပန်းပင်ဟူ၍တစ်ပင်မျှမတွေ့ရပဲညီအောင်ညှိထားသော အစိမ်းရောင်သစ်ပင်ပုလေးတွေကိုသာတွေ့ရသည်။
မဆိုင်ပါပဲအတွေးထဲဝင်ရောက်လာသည်ကပန်းတွေချစ်တတ်သည့်ကောင်လေးကိုပင်။
ထိုကောင်လေးဟာ ပန်းတွေကိုမြတ်နိုးလွန်းတာကြောင့်သူခြံထဲပြည့်နေအောင် ပန်းပင်မျိုးစိတ် တော်တော်များများကိုစိတ်ပျိုးထားသည်မဟုတ်ပါလား.....
ခြံထဲဝင်လိုက်လျှင်လည်း သင်းပျံ့နေတဲ့ပန်းနံတွေကြောင့်စိတ်ကြည်ရစမြဲပင်။
အားနေတဲ့အချိန်တွေဆိုပန်းပင်တွေကြားရောက်နေတတ်ပြီး သဘောကျတဲ့ပန်းတွေနဲ့ပျော်နေတတ်သည့်ကောင်လေး။
ထိုကောင်လေးအမြဲပြောတတ်သေးသည်က

"ပန်းတစ်မျိုးချင်းစီမှာလေးနက်တဲ့ အဓိပ္ပာယ် တွေရှိတယ်... ငါတို့စကားနဲ့ဖွင့်ပြောလို့မရတဲ့အနေထားမှာပဲဖြစ်ဖြစ် မပြောချင်လို့ပဲ
ဖြစ်ဖြစ်အဲအစားပန်းလေးတွေကိုအသုံးလို့ရတယ်" ဆိုပြီးပင်။

ငါတွေးမိတယ်သိလားထယ်....
တစ်ခါတစ်ခါဆို ဖွင့်မပြောနိုင်တဲ့ငါ့အတွက်မင်းကိုပေးလို့ရမဲ့ပန်းလေးတစ်ပွင့်လိုချင်မိတယ်... မြတ်နိုးတန်ဖိုးထားချစ်ရပါတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးရှိတဲ့ပန်းက ဘာပန်းများလဲ။
သေချာတာက အဲပန်းကိုရခဲ့ရင်တောင် မင်းကိုပေးဖြစ်မှာမဟုတ်ဘူးထင်တယ် ထယ်...ပန်းရဲ့အဓိပ္ပါယ်တော်တော်များများကိုသိတဲ့မင်းက ငါ့ရဲ့ခံစားချက်တွေကိုသိသွားနိုင်တယ်မလား.... ဒါဆိုမင်းစိတ်ညစ်ရလိမ့်မယ် ငါမလုပ်ရက်ဘူးထယ်....

Purple Dream [Complete] Where stories live. Discover now