မြတ်နိုးရလွန်းတဲ့ထယ်....

1.4K 145 8
                                    

Unicode

အိမ်ကိုရောက်လျင်အမြန်ပင် အိပ်ခန်းထဲသို့လျှောက်သွားသောjimin။
နာကျင်မူများဖြင့်ပြိုလဲနေသောသူ့မှာ အခုချိန်အဆင်ပြေချင်ယောင်ပင် မဆောင်နိုင်တော့တဲ့အထိ။
တစ်ဆစ့်ဆစ့်ကိုက်ခဲနေသောဝဲဘက်ရင်အုံ့ကလည်း ဒဏ်ရာဟောင်းများဖြင့်ပေါင်းကာ သေအောင်နှိတ်စက်နေကြသည်။
အနာပေါ်အနာဆင့်ဖြင့်လှိုက်စားနေတဲ့ ဝေဒနာတွေအား မည်သူမှမသိခဲ့ပေမဲ့နှလုံးသားတစ်ခုလုံးဒဏ်ရာဗလပွဖြင့်သွေးစိမ်းရှင်ရှင်ကျနေခဲ့ပြီဆိုတာ ခံစားနေရသောသူကိုယ်တိုင်သာသိပါ၏။

အမြဲသန်မာချက်ယောင်ဆောင် မြဲမြဲရပ်နေခဲ့ရတဲ့ သူ့ခြေထောက်တွေကအခုတော့ခွန်အားမဲ့စွာ ရပ်တည်နိုင်စွမ်းတွေမဲ့သွားခဲ့ပြီ.....။
အကြင်သူအားအမြဲလိုထွေးပွေ့အားပေးစေနိုင်ခဲ့တဲ့ သူ့လက်တွေဟာလည်း အခုတော့မိမိကိုယ်ကိုယ်အားပေးဖို့ လက်သီးတင်းတင်းဆုတ်ထားခဲ့ရပြီ...။
နာကျင်လွန်းလို့ငိုလိုက်ချင်တိုင်း အမြဲဟန်ဆောင်ကောင်းပြီးကွေးညွန့်နေတဲ့နှုတ်ခမ်းပါးတွေကအခုခါမှာတော့ အင်အားချည့်နဲ့စွာတဆတ်ဆတ်တုန်ရီနေခဲ့ပြီ....။
အကြင်သူ၏ဆန္ဒဆိုတဲ့အကြောင်းအရာမှာဟန်မဆောင်နိုင်အောင်အထိ သူပြိုလဲခဲ့ပြီ။

အခန်းထဲသို့ရောက်ရောက်ချင်းတံခါးပိတ်ကာ ထိုတံခါးပေါ်မှာမှီ၍ထိုင်ချပစ်လိုက်ပြီး ပြင်းစွာနာကျင်နေသောဝဲဘက်ကိုရင်ဘတ်ကိုလည်းလက်ဖြင့်တင်းတင်းဖိဆုတ်ထားမိသည်။
ထို့အတူမျက်ဝန်းအိမ်မှ ကြွေဆင်းသွားသောမျက်ရည်စများ...။
ထိုမျက်ရည်များက နှလုံးသားမှစိမ့်ထွက်လာသောသွေးစက်များငွေ့ပျံ့ပြီး မျက်ဝန်းအိမ်တွင်ငွေ့ရည်ဖွဲ့လာခဲ့သည့်အလား...။
မျက်ရည်များနည်းတူ နှလုံးသွေးများကလည်းနာနာကျင်ကျင်စီးကျနေခဲ့သည်။

"မင်းလုပ်ရက်တယ်ထယ်...."

ထယ်ရယ်.... ဘာလို့များငါ့စေတနာတွေကိုမြင်အောင်မကြည့်တတ်ခဲ့ရတာလဲ။ ငါမင်း အပေါ်ထားခဲ့တာ ဘာအတ္တမှမပါတဲ့ဖြူစင်တဲ့မေတ္တာသက်သက်ပါ။ ​
ပိုင်ဆိုင်ဖို့ဆိုတာထက် မင်းပျော်ရွှင်ဖို့ကိုပဲ ငါကပိုပြီးလိုလားခဲ့သူပါထယ်ရယ်။
ငါကမင်းပျော်ရွှင်မယ်ဆို ရင်ကွဲရမယ်ဆိုရင်တောင်ကျေကျေနပ်နပ်ကြီးရင်ကွဲခံမဲ့ကောင်ပါကွာ... ချစ်တယ်ဆိုတာထက် ပိုမြတ်နိုးတာမို့ပိုင်ဆိုင်ရမှမဟုတ်ဘူး မင်းပြုံးပျော်နေတာမြင်နေရရင်လည်း ငါကကျေနပ်နေမှာပါထယ်ရယ်....

Purple Dream [Complete] Where stories live. Discover now