အနည်းငယ်သော ဂရုစိုက်မူလေး

1.5K 157 31
                                    

Unicode

အိပ်ခန်းဆိုဖာပေါ် ကျောမှီကာလျော့တိလျော့ရဲဖြင့် ထိုင်နေသောtaehyungမှာညမီးရောင်အောက်တွင် နို့နှစ်ရောင်အနွေးထည်လေးဖြင့် ရှင်းသန့်လိုက်ဖက်စွာ။
လက်ချောင်းသွယ်သွယ်လေးတွေက သံစူးသေးသေးကိုကိုင်ကာ လိုသလိုလူပ်ရှားနေပုံက အနုပညာဆန်နေသလိုပင်။
လဲ့နေတဲ့မျက်လုံးလေးများဟာလည်း လက်ချောင်းလေးတွေက ကျွမ်းကျင်စွာကိုင်တွယ်ထားသော ထိုသံချောင်းလေးဆီမှာသာစူးရဲနေသလို နီဆွေးဆွေးနူတ်ခမ်းလေးများကိုလည်းမထိတစ်ထိဖိပိတ်ထားသေး
သည်။ မည်သည့်ပြင်ဆင်လုပ်ယူမူမှ မပါသော taehyung၏ပတိပုံစံလေးကပင် နှစ်သက်ဖွယ်အတိပင်။

Taehyungမှာအဖြူရောင်ချည်များဖြင့် လည်စည်းပုဝါလေးကိုသေသပ်စွာပုံဖော်နေခြင်းဖြစ်၏။
လူအများအတွက် ယောကျ်ားလေးတစ်ယောက်နှင့် ​အခုလိုအလုပ်မျိုးကကြည့်ရတာသိပ်အဆင်မပြေဖြစ်ရသည်မှာအမှန်ပင်။
သို့ပေမဲ့အခုလိုလုပ်နေတာအတွက် သူ့စိတ်ထဲရှက်သည့်စိတ်အနည်းမှမဖြစ်မိ။
အတတ်ပညာတစ်ခုတတ်တာက မိန်းကလေး၊ယောကျ်ားလေးခွဲခြားနေစရာမလိုပဲ ကိုယ်လုပ်နိုင်တဲ့အလုပ်အတွက်သာ ဂုဏ်ယူသင့်သည်ဟုခံယူထားခြင်းကြောင့်ပင်။
သူထိုင်နေသောဆိုဖာဘေးတွင်လည်း ခွေခေါက်ကာချထားသော အဖြူရောင်ဆင်တူလည်းစည်းပုဝါလေးနှစ်ခုကနေရာယူနေခဲ့ပြီဖြစ်သည်။
သူအားသည့်အချိန်တိုင်း ထိုလည်စည်းပုဝါများကိုထိုးနေခဲ့သည်မဟုတ်ပါလား။
အခုလက်ထဲထိုးလက်စ လည်စည်းသည်ပင်ပြီးလုလုနီးနီးရှိနေခဲ့ပြီ။

"ဒေါက်ဒေါက်"

အခန်းတံခါးခေါက်သံကြောင့် taehyungရဲ့အကြည့်တွေက တံခါးဆီရောက်သွားခဲ့လျှင်...

"သားငယ်အိပ်နေပြီလား... မေမေဝင်လာခဲ့မယ်နော်"

"ဟုတ်ကဲ့ ဝင်ခဲ့လေမေမေ... ကျွန်တော်မအိပ်သေးပါဘူး"

အခန်းတံခါးဖွင့်ပြီး သူ့ဆီလျှောက်လာတဲ့မေမေက လက်ထဲတွင်လည်းဖန်ခွက်တစ်ခုယူလာခဲ့သည်။ နွားနို့ထည့်ထားသောဖန်ခွက်ဆိုပိုမှန်မည်ဖြစ်၏။ မေမေရောက်လာတာကြောင့် ဆိုဖာပေါ်ကျောမှီထိုင်နေရာမှ သေချာပြင်ကာထိုင်လိုက်သည်။
လူကြီးမိဘအပေါ်ရိုသေသင့်သည်ကအမှန်ပင်။ အနားကိုရောက်လာတဲ့မေမေက သူရဲ့ထိုးလက်စချည်များကို ကြည့်ပြီးပြုံးကာ သူ့အနားမှာဝင်ထိုင်သည်။

Purple Dream [Complete] Where stories live. Discover now