စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....

1.4K 135 18
                                    

Unicode

Jiminမှာအဝတ်အစားများအားအသင့်အတင့်ကြည့်ကောင်းအောင်ဝတ်ကာ အောက်ထပ်သို့ခပ်သုတ်သုတ်ဆင်းလာလျှင် Mr's Parkကလှမ်းခေါ်၏။
ထို့ကြောင့်အပြင်သို့ ဦးတည်နေသောjiminခြေလှမ်းတွေမှာရပ်သွားခဲ့ရသည်။

"သား..."

Mr's Parkနဲ့Hanaကဧည့်ခန်းထဲသစ်သီးများစားရင်း တီဗွီထိုင်ကြည့်နေကြခြင်းဖြစ်သည်။ Mr's Parkလှမ်းခေါ်လိုက်တော့ hanaရဲ့အကြည့်တွေကလည်း ကားသော့ကိုင်ကာရပ်နေသောjiminဆီရောက်လာခဲ့သည်။

"ဘယ်ကိုသွားမှာလဲသား... ထပ်ပြီးtaehyungကိုသွားရှာမလို့လား။ ဘယ်နှစ်ရက်တောင်ရှိပြီလဲ... သားလည်းနားလည်သင့်ပြီလို့မေမေထင်တယ်။ ခိုးပြေးသွားကြတဲ့သူတို့ကိုဘာလို့ရှာနေသေးတာလဲ အခုလိုရှာနေတာ ရူးရာမကျဘူးလား... မေမေ သားကိုအခုလိုမြင်ရတာတစ်ကယ်စိတ်ပျက်မိတယ်"

Mr's Parkစကားကြောင့်jiminမျက်နှာညိုးကျသွားသည်။ သူ့ရင်ဘတ်ထဲလည်းလေးလံလာ၏။ ကြည့်နေသောအမေဖြစ်ကိုအင်းအားလျော့စွာကြည့်ရင်း jiminခပ်တိုးတိုးပြောမိသည်။

"စိတ်ပျက်စေခဲ့မိလို့တောင်းပန်ပါတယ်မေမေ။ ကျွန်တော်ထယ့်ကို သွားတွေ့မလို့ပါ"

မေမေကထယ်ပြန်ရောက်နေပြီးလားဟူ၍မမေးပေမဲ့ သူ့စကားကြောင့်မော့ကြည့်လာ၍သူဆက်ပြီးပြောပြမိသည်။

"ထယ်ပြန်ရောက်နေပြီမေမေ... ဒီမနက်ကပဲပြန်ရောက်တာ။ ကျွန်တော့်ကိုဖုန်းဆက်လို့ "

ထယ်မနက်က အိမ်ပြန်ရောက်နေပြီဆိုပြီးဖုန်းဆက်လာသည်။ miss callတွေကြောင့် သူ့အားစိတ်မပူဖို့နဲ့အဆင်ပြေကြောင်းလည်းပြောသွားသေး၏။ အဆင်ပြေကြောင်းပြောသွားသည့်တိုင် သူ့မှာစိတ်ပူနေတုန်းပင်။

သူ့ပြောပြလိုက်ပေမဲ့ မေမေကနူတ်ဆိတ်မြဲနူတ်တိတ်နေသည်ကြောင့် သူရိုသေစွာပင်သွားဖို့ခွင့်တောင်းလိုက်သည်။
မေမေကသွားခွင့်မပြုရင်တောင် သူထယ့်ဆီကိုရောက်အောင်သွားရမည်။ ထယ့်ဆီကသူလိုချင်တဲ့အဖြေကိုကြားချင်သည်ကြောင့် အခုသူသေချာပေါက်သွားရမည်ပင်။

"ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးမေမေ"

ကားမောင်းနေမိရင်းသူ့အတွေးတွေက ကာလာစုံဖြင့်အရောင်အသွေးမျိုးစုံဖြတ်ပြေးနေသည်။ တစ်ပတ်ကျော်ကျော်အထိမတွေ့ရသေးသော ထယ့်ကိုတွေ့ရမှာပျော်သလိုလို၊ ရင်နာသလိုလိုဖြင့်....။
ခံစားချက်တို့ ရောပြွန်းနေသည်။

Purple Dream [Complete] Where stories live. Discover now