နှင်းမြူများကြားဝယ်...

1.1K 139 17
                                    

Unicode

December 25

ဆိုးလ်မြို့၌ ဖွေးဆွနေသောနှင်းများကမိုးသီး၊မိုးပေါက်တွေအလားတဖွဲဖွဲကျဆင်းနေခဲ့ပြီဖြစ်သည်။ နှင်းကျသည်မှာသုံးရက်မျှပင်ရှိနေပြီဖြစ်၍ အဆောက်အဉီးများ၊ သစ်ပင်ပန်းများနှင့်လမ်းတစ်လျှောက်တွင်လည်းထိုဖွေးဆွဆွနှင်းတို့ကဖုံးလွှမ်းလျှက်...။ အအေးဒဏ်မှာလည်းလွန်ကဲနေခဲ့သလို ရာသီဥတုမှာလည်းအေးစိမ့်အုံ့မှုန်း၍သာ။

အအေးကြောက်သောtaehyungမှာလည်းစောင်ပုံထဲကွေးကာအိပ်ပျော်နေတုန်းပင်။
အပြင်မှာနှင်းတွေကျနေသည်ကြောင့် ယနေ့ဆိုင်ကိုအစောကြီးမသွားတော့ပဲနောက်ကျမှသွားဖို့တွေးကာ taehyungမှာအခုထိအိပ်နေခြင်းဖြစ်သည်။ ဘန်ဘန်ရှိလျှင်ဆိုင်ကစိတ်ချရသည်မို့ ဆိုင်အတွက်စိတ်ပူစရာမလို။

"ထယ်... ထတော့..။ ထယ်... "

အိပ်နေတုန်း နားထဲကြားလာမိသောအသံကြောင့်taehyung၏ အချိုးကျစွာသွယ်တန်းနေသောမျက်ခုံးတန်းလေးများကာ လှိုင်းတွန့်လေးများအလားတွန့်လိပ်သွားရသည်။
ထို့နောက်မျက်တောင်ဖျားလေးများကအနည်းငယ်လှုပ်ခပ်သွားပြီး နီပြည့်ပြည့်နှုတ်ခမ်းလွှာလေးများကလည်း ခပ်ဟဟလေးပွင့်အာသွား၏။ သို့ပေမဲ့ မျက်လွှာလေးများကတော့ပွင့်မလာခဲ့။

ထိုသို့အသေးစိတ်ပြောင်းလဲသွားသောအချင်းအရာများအား မြတ်နိုးရိပ်သန်းနေသည့်မျက်ဝန်းများနှင့်ငေးကြည့်ရင်း နူးညံ့စွာပြုံးနေသူမှာjiminသာ။
ထိုလူသားငယ်အား ဘယ်လောက်တောင်မှမြတ်နိုးရလဲဆိုတာ jiminကိုယ်တိုင်သာသိပါ၏။

"ထယ်... ငါမင်းကိုလာခေါ်တာလို့...ကြားရဲ့လား... ဟင်...ထတော့လို့..."

jiminမှာအိပ်ပျော်နေတဲ့ကောင်လေးရဲ့ နားရွက်နားလေးအထိကပ်သွားကာ လေသံလေးဖြင့်နူးညံ့စွာတိုးတိုးပြောလိုက်တော့မှ နားရွက်ထဲဝင်သွားသောလေနွေးနွေးတို့ကြောင့် လန့်ကာခန္ဒာလေးတွန့်သွားပြီး ချက်ချင်းထထိုင်လာသောtaehyung။ ထိုပုံစံလေးကိုကြည့်ပြီး jiminမှာအသည်းယားစွာ အသံထွက်အောင်ရယ်တော့သည်။

အိပ်ရာမှ လန့်ကာထထိုင်လာသောtaehyungမှာ သူ့အားလှောင်နေသောjiminဆီ ဘာစကားမှမဆိုရသေးခင်မှာပဲ အကြည့်စူးစူးလေးများဖြင့်အရင်ဆုံးရာဇသံပစ်လွှတ်ပါ၏။ taehyungဘယ်လောက်ပဲရင့်ကျင့်သွားပြီးပြောကြပါစေအုံးတော့ jiminကတော့အရင်တုန်းက taehyungပုံစံအတိုင်းဖြစ်သွားအောင် စနောက်နိုင်သောတစ်ဦးတည်းသောသူပင်။ အမြဲတမ်းမဟုတ်ရင်တောင် ခဏခဏတော့taehyungပြုံးနိုင်အောင် jiminဖန်တီးနိုင်ပါသည်။

Purple Dream [Complete] Where stories live. Discover now