အကြင်သူ၏‌တောင်းပန်စကား

1.8K 149 48
                                    

Unicode

"ယောင်း"

လေပြေတွေနဲ့အတူ ဝေ့ဝေလာသောအသံကြောင့် ပန်းများအားငေးနေသောtaehyungမျက်လုံးလေးများ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး လွတ်လပ်စွာခပ်အာအာလေးပွင့်နေသော နူတ်ခမ်းလွှာလေးများကတင်းတင်းစိသွားခဲ့သည်။

ထို့အတူကြည်လင်နေသောမျက်ဝန်းလေးတွေက အေးချမ်းမူတွေပြယ်ပျောက်ကာ ဝမ်းနည်းမူ၊လွမ်းဆွတ်မူ၊နာကျည်းမူ၊စိတ်လှုပ်ရှားမူစသည့် ခံစားချက်အဖုံဖုံတို့ကြောင့် အရည်ကြည်လဲ့၍ မိုးတိမ်များဖုံးလွှမ်းနေသောဝန်းကျင်အလား... အုံ့မှိုင်းညို့ရီလာ၏။
ခံစားချက်များရောထွေးနေကာ  ထိုမှိုင်းညို့နေသည့်မျက်ဝန်းမှာ တစ်ခြားသူတစ်ယောက်ခန့်မှန်းနိုင်ရန် မလွယ်ကူလှပါ။

ရင်ထဲတလှပ်လှပ်ဖြင့် မောဟိုက်တုန်ရီနေသည့်တိုင် taehyungမျက်နှာကဟန်ဆောင်ကောင်းစွာ ပကိတိအတိုင်းတည်ငြိမ်နေသည်။ ထို့နောက် ခေါ်သံထွက်ပေါ်လာရာနောက်ကျောဖက်ကို လှည့်လာပါ၏။

သူနဲ့မနီးမဝေးခပ်လှမ်းလှမ်းမှာရပ်နေပါသောအကြင်သူ....။
အကြင်သူ၏အမြဲလိုစူးရဲနေတတ်သော မျက်ဝန်းတွေက အခုအခါတွင်တော့ညိုးရိပ်ထင်နေခဲ့သည်။ အရင်ကထက် မေးရိုးတွေပိုထင်းလာပြီး မျက်လုံးများကအရင်ကလိုစူးရဲ၍မနေသည်ကလွဲလျှင်.... အကြင်သူဟာအရင်တုန်းကအတိုင်းသာ။

ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံချိန်က မှိုင်းပြပြမီးရောင်အောင်မှာဖြစ်နေခဲ့သလို သူကိုယ်တိုင်လည်းခံစားချက်တို့အားမထိန်းချုပ်နိုင်ပဲ မျက်ရည်တွေကျမိခဲ့တာကြောင့် အမြင်တွေကဝေဝါးလို့နေခဲ့ကာ အကြင်သူ၏ရုပ်လွှာအား ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရ။

အခုချိန်တွင်တော့ကြည်လင်နေသောကောင်းကင်ပြာပြာအောက်မှာ အကြင်သူအားရှင်းလင်းစွာမြင်တွေ့နေရပြီ။

"ငါနောက်က လိုက်လာတာလား..."

ယောင်းဆီမှ ဦးစွာစကားဆိုလာခဲ့သည်။ အသံကတိုးသည်ထင်ရပေမဲ့ ထိုခပ်တိုးတိုးအသံမှာပင် နာကျင်မူတစ်ချို့ပါနေသည်ကို သူကောင်းကောင်းခံစားမိသည်။

Purple Dream [Complete] Where stories live. Discover now