အနီရောင်နွေဦးပန်းတို့ကြားဝယ်....

1.4K 130 25
                                    

Unicode

မျက်လုံးများဖွင့်ယူလိုက်သည်နှင့် တစ်ပြိုင်နှင့်တဆစ်ဆစ်ထိုးကိုက်လာတဲ့ဦးခေါင်းကြောင့် နက်မှောင်ကာအချိုးနေကျသောမျက်ခုံးများအလိုအလျှောက်တွန့်ချိုးသွား၏။
ခံစားမိသောခံစားချက်တစ်ခုကြောင့် မိမိရင်ခွင်ထဲကြည့်မိလျှင် မိုးကြိုးစင်းပေါင်းမြောက်များစွာပစ်ချခံလိုက်သည့်နှယ် ရင်ထဲကျယ်လောင်တဲ့မြည်ဟီးတစ်ခုနဲ့အတူ အသွေးအသားတွေအထိခြောက်ခြားထိန့်လန့်သွားရသည်။ ရင်ခုန်သံတို့ကလည်းအဆမတန်တဒိန်းဒိန်းခုန်လို့....။
ဉီးနှောက်မှာလည်းအခုချိန် သေချာအလုပ်မလုပ်နိုင်စွမ်းမရှိတော့ပဲ ချာချာလည်နေခဲ့သည်။

"ယောင်းအသွေးအသားတွေကို ရယူလိုက်မိပြီ"

သူ့ရင်ခွင်အောက်နွမ်းလျစွာ အိပ်ပျော်နေသောယောင်း၏ လည်းပင်နှင့်ရင်ဘတ်တလျှောက်သူအသိစိတ်လွတ်စွာပြုမူထားမိသော ပေါက်ပြဲနီရဲနေသောကိုက်ရာတွေနှင့်အမှတ်ရာတွေ...။ ထိုမျှမြင်ရသည်နှင့်ပင် စောင်အောက်ရှိနေမည့်ယောင်းခန္ဒာအစိတ်အပိုင်းများအား မကြည့်ရက်တော့။
ဘာကိုမှသေချာတွေးနိုင်စွန်းမရှိတော့ပဲ ရင်ဖတ်တွေတင်းကြပ်ကာနာကျင်လာသည်။

သူမရည်ရွယ်ခဲ့ပါပဲ ယောင်းကိုရယူလိုက်မိပြီ.... နောက်ထပ်သောအမှားကြီးတစ်ခုကိုယောင်းအပေါ်ကျူးလွန်ခဲ့မိပြီ....။
ဘယ်လိုလုပ်မရလဲမသိတော့သလို ယောင်းနိုးလာလျှင် ဘယ်လိုမျက်နှာမျိုးနဲ့တောင်းပန်ရမလဲမသိတော့....။

နဖူးထက်ဖရိုဖရဲကျနေတဲ့ဆံပင်တစ်ချို့ကို မွန်းကြပ်စွာပင့်တင်ဆွဲဆုပ်၍ အသက်ကိုဖြေးဖြေးနှင့်မှန်မှန်ရူ၍ စိတ်ကိုငြိမ်အောင်လုပ်ရသည်။ ခဏအကြာငြိမ်သက်စွာတွေးနေပြီးမှယောင်းကိုသန့်ရှင်းရေးလုပ်ပေးဖို့နှင့် ကိုယ့်ကိုကိုယ်သန့်ရေးလုပ်ဖို့ကိုသတိရ၏။
နွမ်းလျဖျော့တော့စွာအိမ်ပျော်နေသောယောင်းကိုကြည့်မိတော့ နှလုံးအိမ်မှာမီးလောင်မြိုက်နေသည့်အတိုင်းပူလောင်ရသလို ယူကြုံးမရသောစိတ်တို့ဖြစ်တည်လာရသည်။

ထိုအချိန်သူ့ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်စက်များ....။ မာမီနဲ့ဒေဒီလမ်းခွဲကြတဲ့အချိန်မှာတည်းက သူနှုတ်ဆက်ခဲ့တဲ့မျက်ရည်တွေကအခုတော့ ယူကြုံးမရသောစိတ်တို့ကြောင့်သူ့ထံပြန်လည်ရောက်ရှိလာခဲ့ပြီ....။ ယောင်းကိုထပ်မံပြုမူလိုက်မိတဲ့ အမှားကြောင့် သူထပ်ပြီးမျက်ရည်ကျခဲ့ပြီ။

Purple Dream [Complete] Where stories live. Discover now