နာကျင်မူကိုသဘောကျမိခြင်း

1.7K 162 27
                                    

Unicode

"jungkookကဒီနေ့ရော ကျောင်းမရောက်ပြန်ဘူး။ ဒီကောင်ကတော့...တစ်ကယ် ဟင်း..."

Jiminကပြောရင်း သက်ပြင်းချပေမဲ့ taehyungကဘာမှမပြောပဲ ငြိမ်နေသည်။
သူတို့ကအတန်းချိန်ပြီးပြီမို့ ဆိုင်ထိုင်နေကြတာဖြစ်၏။ Jungkookကတော့ အတန်းချိန်မှာရောက်မလာခဲ့သလို သူတို့ကိုလည်းအကျိုးအကြောင်းဘာမှမပြော။ မေဂျာတူသူတို့သုံးယောက်ရဲ့ အတန်းချိန်တွေကအကုန်အတူတူပင်။

jungkookကuniစတက်ပြီးတည်းက ရည်းစားတွေထည်လဲတွဲနေခဲ့တာဖြစ်သလို အတန်းချိန်တောင်မမှန်။
သို့ပေမဲ့ထက်လွန်းတဲ့ညဏ်ကြောင့်တော်သေးတယ်ပြောရမည်။
အတန်းချိန်တော်တော်များပျက်နေတတ်ပေမဲ့ စာဘက်တော့အားနည်းမသွား။ စာမေးပွဲတွေဖြေတိုင်း အမှတ်ရသူတို့နဲ့တန်းတူ၊ ဒါမှမဟုတ်ပိုတောင်များနေတတ်သေးသည်။

ထိုအချိန်ဆိုင်ဝန်ထမ်းကောင်လေးကမှာထားတဲ့ စားစရာတွေလာချပေးတာကြောင့်နှစ်ယောက်လုံးရဲ့အကြည့်တွေက ထိုဆီရောက်သွားခဲ့သည်။
jiminကထယ်ရဲ့ပုံမှန်စားတတ်တဲ့ပဲခေါက်ဆွဲကိုသေချာ ပြင်ဆင်ပေးကာတူကိုပါအဆင်သင့်လုပ်ပေးပြီးမှ ထယ့်ဆီပန်းကန်ကိုဖြည်းဖြည်းတွန်းပေးလိုက်သည်။

"ထယ် ဗိုက်ဆာနေပြီမလား... စားတော့လေ"

"အင်း minieမင်းရောစားလေ"

ထယ်ကပြောပြီး တူကိုလှမ်းလိုက်လျှင်ပဲအနားမှဖုန်းမှ massageသံကမြည်သွားခဲ့သည်။ တူဆီလှမ်းနေသောလက်တွေက လေထဲမှာပင်ရပ်တန့်သွားကာဦးတည်ရာပြောင်းပြီး ဖုန်းဆီရောက်သွားခဲ့၏။
တစ်ဖက်မှာလည်း စားဖို့လုပ်နေတဲ့jiminမှာမစားတော့ပဲ ထယ့်ကိုသာကြည့်နေခဲ့သည်။

ထယ်ကဖုန်းထဲကmsgကိုrpပြန်နေတာဖြစ်မည်။ လက်ချောင်းသွယ်သွယ်လေးတွေက ဖုန်းကိုဆုတ်ကိုင်ထားသလို လက်မလှလှလေးကဖုန်းစခရင်ပေါ်ပြေးလွှားလို့။ ထိုမှာပဲအာရုံစိုက်နေတဲ့ထယ်က အစားတွေဆီအာရုံမရှိတော့သလိုjiminမှာလည်းထယ့်ကိုသာအာရုံစိုက်နေသည်။ သူတို့ထိုမုန့်တွေကိုစားဖြစ်တော့မည်မဟုတ်တော့။
ခဏအကြာဖုန်းမှအကြည့်ခွာပြီး ထယ်ကစကားဆိုလာသည်။

Purple Dream [Complete] Where stories live. Discover now