ကံကြမ္မာလှည့်ကွက်...

1.1K 132 50
                                    

Unicode

"သား"

စီးကရက်သောက်ကာ ကုတင်အားကျောမှီ၍ထိုင်နေတုန်းမာမီက အခန်းထဲဝင်လာခဲ့သည်။ ထို့ကြောင့်သောက်လက်စ စီးကရက်ကိုဘေးမှဆေးလိပ်ပြာခွက်ထဲဖိထိုးပစ်ပြီး ကျောမှီ၍လျော့တိလျော့ရဲထိုင်နေရာမှ ခါးကိုမတ်မတ်ထားကာပြင်ထိုင်လိုက်၏။

မာမီအားသူ့ရဲ့အခုလိုစိတ်ပျက်စကားကောင်းတဲ့ပုံစံမျိုးနှင့် မလေးမစားမဆက်ဆံချင်။သူ့အနားကိုတစ်ဖြည်းဖြည်းလျှောက်လာတဲ့မာမီက သူ့ကိုစူးစမ်းတဲ့မျက်ဝန်းများဖြင့်ကြည့်လာသည်။

"ဘာဖြစ်လို့လဲမာမီ"

"အဲမေးခွန်းမာမီမေးရမှာထင်တယ်... "

jungkookအမေဖြစ်သူမျက်နှာအား မော့ကြည့်လာသည်။ ထို့နောက်အကြည့်ပြန်လွဲသွား၏။ သူ့အမေဆိုလိုချင်တာကို ချက်ချင်းသိသွားသလို။

"ဘာတွေဖြစ်လာခဲ့တာလဲသား... ဒီမေးခွန်းကိုမာမီမမေးပဲ သား​ပြောပြလာမလားလို့မာမီစောင့်နေခဲ့တာ။ တစ်နှစ်ကျော်ပြီ.... မာမီ့ဘက်ကသားကိုလုံလောက်တာထက်ပိုတဲ့အချိန်တစ်ခုပေးပြီးမှ ဒီမေးခွန်းကိုမေးတာ။
မာမီက သားရဲ့ကိုယ်ရေးကိုယ်တာတွေကိုမဝင်ပါချင်ဘူးဆိုတာ... သားသိတယ်မလား..."

အမေဖြစ်သူစကားအား jungkookဘာမှမဖြေပဲငြိမ်နေသည်။ ထိုအခါ စကားဆက်၍ဆိုလာ၏။

"မာမီ့ကိုပြောပြသင့်ပြီလို့ထင်တယ်....
နှစ်တွေဘယ်လောက်ကြာအောင်ဒီလိုပုံစံနဲ့နေနေမှာလဲသား။ ဒီကိုရောက်တည်းကသားပျော်မနေဘူး။ အဆင်လည်းပြေမနေဘူး။
တစ်ယောက်တည်းရှိတဲ့အချိန်တိုင်းငေးငိုက်နေတာ.... မာမီနဲ့သားကအနေဝေးနေခဲ့ပေမဲ့ မာမီ့ရဲ့သားရဲ့စိတ်ကိုတော့မာမီမြင်ကြည့်လို့ရပါတယ်သေးတယ်။
koreaမှာဘာတွေဖြစ်ခဲ့တာလဲ "

"မာမီ...."

သူမကိုမော့ကြည့်ကာခေါ်လာသော သား၏ အသံမှာရူပ်ထွေးမူတို့အပြင် ပင်ပန်းဝမ်းနည်းမူတို့ကိုလည်းခံစားမိတာကြောင့် သူမသားဖြစ်သူဘေးနားမှာပင် ဝင်ထိုင်လိုက်သည်။
သားမျက်လုံးများကိုကြည့်မိတော့ အမြဲလိုစူးရှနေတတ်တဲ့မျက်လုံးများကအခုတော့ အရောင်မှိန်းမှိုင်ကာ မွန်းကြပ်မူများကအထင်းသား။

Purple Dream [Complete] Where stories live. Discover now