ရှုပ်ထွေးခြင်းများကြား...

1K 117 34
                                    

Unicode

ဘန်ဘန်တစ်ယောက် ထွက်သွားသောကားကိုကြည့်ပြီး ရင်ထဲလေးလံနေသည်။
အကိုtaehyungကိုကြည့်တဲ့ သူမအကြည့်တွေကိုသဘောမကျ။
နောက်ထပ်စကားပြောနေတဲ့ပုံစံဟာလည်း တစ်ကယ်ပင်စိတ်ပျက်ဖို့ကောင်းသည်။

အထက်စီးဆန်စွာကိုယ့်ကိုယ်ကိုယ် Enn Hanaဟုမိတ်ဆက်၍ အကိုtaehyungအားအကိုjiminအကြောင်း တစ်နေရာမှာအေးဆေးစကားပြောဖို့လိုတယ်ဟု ပြောလာသည်က တောင်းဆိုတာမျိုးမဟုတ်ပဲအမိန့်ပေးနေတဲ့အတိုင်း....။

သူ့ကိုလည်း လူမထင်သလိုတစ်ချက်သာ စောင်းငဲ့ကြည့်ပြီး မော်ချီလိုက်တဲ့မျက်နှာထားကဖြတ်ရိုက်ပစ်ချင်စရာ။
ရုပ်လေးလှသလောက် တော်တော်အချိုးမပြေတဲ့အမျိုးသမီးပင်။
အကိုtaehyung သူမကားနှင့်ပါသွားသည်ကိုစိတ်ထဲအမှန်ပင်လေးလံနေမိ၏။

ထိုအချိန်သူ့ကိုယ်ပိုင်ဖုန်းမှ မြည်လာသောဖုန်းသံ။ သေချာပေါက်ကိုလေးပဲဖြစ်လိမ့်မည်။

"ဟယ်လို ကိုလေး"

"အခုနက ယောင်းကိုလာခေါ်သွားတဲ့တစ်ယောက်က ဆိုင်မှာဘာတွေပြောသွားသေးလဲ"

"အကိုjiminအကြောင်းပြောစရာရှိလို့ဆိုပြီး လာခေါ်သွားတာကိုလေး...
ကျန်တာတော့ ဘာမှမပြောဘူး။ သူ့ကိုကြည့်ရတာတော့ တစ်မျိုးပဲ။ အကိုtaehyungကို သဘောမကျဘူးထင်တယ်"

"Jiminနဲ့က ဘယ်လိုပတ်သက်နေတာလဲ။ jiminနဲ့အတူဆိုင်ကိုလာတာမျိုးရှိလား"

"မရှိဘူးကိုလေး... အကိုjiminနဲ့အခါမှတွဲမမြင်ဖူးဘူး။ အခု ကိုလေး အကိုtaehyungနောက်ကိုလိုက်နေတာလား"

"အေး"

"ဟုတ်ဟုတ်ကိုလေး... ကျွန်တော်အကိုtaehyungကိုစိတ်ပူလို့"

"အေး ဒါဆို...ဒါပဲ"

ဘန်ဘန်ဖုန်းချသွားမှ သက်ပြင်းချမိသည်။ အကိုtaehyungအနားမှာ ကိုလေးရှိနေမယ်ဆိုတော့စိတ်မပူမိတော့။
ကိုလေးအကြောင်းတွေးမိတော့ စိတ်မကောင်းဖြစ်ရပြန်သည်။

ကိုလေးအဖြစ်ကလည်း တစ်ကယ်ပင်ရင်နာစရာကောင်းပါသည်။
အချစ်ကိုနားမလည်နိုင်ခဲ့ခြင်းက ပြင်မရတဲ့အမှားတွေကိုဆက်တိုက်ကိုကျူးလွန်မိစေပြီး နောက်ဆုံးနောင်တတွေနဲ့သာ ရှင်သန်ခွင့်ရှိတော့မည်တဲ့လား....။ အဲလောက်ထိ ဖြစ်ပျက်သွားခဲ့မယ်ဆိုလို့ ဘယ်သူကထင်မိမှာတဲ့လဲ။

Purple Dream [Complete] Where stories live. Discover now