ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်

1.6K 167 20
                                    

Unicode

ကလပ်မှာပြသနာဖြစ်ပြီး jiminထိုးလိုက်သည့်ကောင်က မျက်နှာတစ်ခုလုံးပေါက်ပြဲ စုတ်ပြတ်သတ်သွားခဲ့သည့်အပြင် နှာခေါင်းရိုးပါကျိုးသွားခဲ့သည်။
သို့ပေမဲ့ jungkookအဖေပိုင်သည့်ကလပ်ဖြစ်သည့်အပြင်ရဲတိုင်ဘာညာတွေလည်းမဖြစ်ခဲ့တာကြောင့် သိပ်ရှင်းစရာမလိုလိုက်ပဲလျော်ကြေးဖြင့်သာအလွယ်တစ်ကူ
ဖြေရှင်းနိုင်ခဲ့၏။
ထို့ကြောင့် jungkookအဖေအပြင် jiminမိဘတွေရော taehyungမိဘတွေပါ ထိုကိစ္စကိုမသိလိုက်ကြ ။

ပြသနာဖြစ်နေတုန်းမေ့လဲသွားတဲ့taehyungမှာ ဆေးရုံတင်လိုက်ရသည်။
သို့ပေမဲ့ ကိုယ်ခံအားနည်းပြီး အဖျားတက်လာတာကြောင့် မခံနိုင်​တော့ပဲမေ့လဲသွားခြင်းပင်ဖြစ်တာကြောင့်သိပ်စိုးရိမ်စရာတော့မရှိ ။ taehyungမိဘတွေကိုလည်း ထယ်အပေါ်ချုပ်ချယ်တားမြစ်မူတွေရှိမလာစေချင်တာကြောင့်ဒီတိုင်းပါတီထဲအဖျားတက်ပြီး မေ့လဲသွားသည်ဟုသာ ပြောထားရသည်။

Taehyungမှာအခုထိ သတိပြန်မရလာသေးပေမဲ့ ဆရာဝန်ကြီးကသွင်းပေးထားတဲ့
ဆေးရှိန်ကြောင့်နိုးမလာသေးတာဖြစ်ကြောင်းနှင့် မနက်ရောက်လျှင်
နိုးလာမည်ဖြစ်ကြောင်း စိတ်မပူစေရန်ပြောထားခဲ့သည်။
ဆေးရုံအခန်းထဲ taehyungအား
စောင့်နေသူမှာ taehyungအမေနှင့် jiminသာဖြစ်၏။
jungkookမှာ taehyungအားဆေးရုံပို့တုန်းကအတူရှိနေပေမဲ့ ဆေးရုံရောက်ပြီးတော့မှမတွေ့လိုက်ရတော့တာဖြစ်သလို အခုထိပြန်မရောက်လာသေး။

ဖြစ်သွားတဲ့ပြသနာကို လိုက်ရှင်းကြောင်းကိုတော့jiminဆီ msgလှမ်းပို့ထား၍သိရသည်။ သို့ပေမဲ့jimin ထိုပြသနာကိုဂရုမစိုက်သလို jungkookကိုကျေးဇူးတင်စိတ်လုံးဝမဖြစ်မိ။ ထိုသို့ပြသနာတွေကို အစပျိုးသူမှာjungkookသာဖြစ်သလို ဒေါသတွေကအခုထိတိုင်မပြေပျောက်နိုင်ပဲ
ဆေးရုံကုတင်ထက်ဖျော့တော့စွာ
လှဲလျောင်းနေသည့်taehyungကိုကြည့်မိတိုင်း ဒေါသခိုးတွေကလျှံထန်နေရတုန်းပင်။
အခုကိစ္စတွင်တော့ jiminမှာjungkookကိုဘယ်လိုမှသည်းခံခွင့်မလွှတ်နိုင်တော့။

"သားjimin... အန်တီလည်းရှိနေတာပဲကိုအိမ်ပြန်နားလိုက်ပါတော့လား ။
သားရဲ့မိဘတွေလည်းစိတ်ပူနေတော့မယ် ။ မနက်ကျမှပြန်လာခဲ့ပေါ့ကွယ်.. အဲချိန်ကျသားရဲ့သူငယ်ချင်းလည်းနိုးနေလောက်ပြီ "

Purple Dream [Complete] Where stories live. Discover now