အကြင်သူ၏ခေါ်သံ...

1.4K 138 15
                                    

Unicode

အကြင်သူဖြင့်တွေ့ဆုံခဲ့ရစဉ် သတ္တိကြောင်စွာသူရှောင်ပြေးခဲ့မိသလိုစိတ်ခံစားချက်တို့အားလည်း မထိန်းရှုပ်နိုင်ခဲ့။
သန်မာနေပြီ.... ရင့်ကျင့်နေပြီလို့ကိုယ့်ကိုကိုယ်ထင်ခဲ့မိပေမဲ့လည်း အကြင်သူရှေ့ရောက်ချိန်တွင်တော့ သူဟာအားနည်းစွာပြိုလဲခဲ့ရသည်။

ရေစက်မကုန်လို့ပြန်တွေ့ခဲ့ရရင်လည်းတည်ငြိမ်စွာပင်လျစ်လျူရူနိုင်မည်ဟု ထင်ခဲ့တာတွေလည်း အကုန်လွဲချော်လို့။
လွမ်းနေခဲ့မိသောအသံရှရှကို ကြားလိုက်ရရုံဖြင့်မျက်ရည်တွေကျခဲ့ရသည်။

ကုန်လွန်ခဲ့သောငယ်ဘဝတွေတစ်လျှောက်နားဆင်ခဲ့ရသော "ယောင်း..."ဆိုတဲ့ နာမည်ခေါ်သံကို​ကြားရုံဖြင့် ကာရံထားတဲ့အကာရံအထပ်ထပ်တွေကွာကျပြီး ခံစားချက်အစစ်မှန်တို့ ဖုံးဖိမရအောင်ဖြစ်ခဲ့ရသည်။

ဘယ်လောက်ပဲနာကျည်းနေပြီပြောပြော... မြတ်နိုးခဲ့ရဖူးသည့် မျက်နှာချောချောကိုမြင်လိုက်ရရုံဖြင့် လွမ်းစိတ်တွေက အသိစိတ်နှင့်ခန္ဒာတစ်ခုလုံးကိုဝါးမြိုသွားခဲ့သည်။

ညို့မှိုင်းနေသောမျက်ဝန်းနက်နက်တွေကိုကြည့်မိချိန်မှာတော့ ရပ်တည်နိုင်စွမ်းပင်မရှိတော့။ အကြင်သူနှင့်ဝေးရာကိုထွက်ပြေးခဲ့မိသည်။

ဘဝရဲ့အရာရာဟာအကြင်သူသာဖြစ်ခဲ့သည်မို့.... ။ တွဲခဲ့ဖူးသည့်လက်ဖဝါးလေးတစ်ဖက်ကိုသံသရာအဆက်ဆက်ထိမြဲသွားစေဖို့ဆန္ဒရှိခဲ့သလို... ခဏတာနားခိုခွင့်ရခဲ့တဲ့ရင်ခွင်နွေးနွေးကိုလည်း ထာဝရအပိုင်လို့ သတ်မှတ်ခဲ့ဖူးသည်မို့.... ။

တွဲလက်တွေကိုရက်ရက်စက်စက် အကြင်သူကဖြုတ်ချသွားတဲ့အခါ...
ခိုနားဖူးတဲ့ရင်ခွင်က မြူမှုန်တွေအလားပျောက်ကွယ်သွားတဲ့အခါ...
အသက်ရူဖို့ပင် ခွန်အားတို့မဲ့ခဲ့ရတာသူကိုယ်တိုင်သာအသိဆုံး။

လေးနှစ်ကျော်ငါးနှစ်နီးပါး မေ့ဖျောက်နိုင်အောင်ကြိုးစားခဲ့သမျှဟာလည်း ပြန်တွေ့ခဲ့ရတဲ့ထိုခဏနဲ့တင်အကုန်အချည်းအနှီး....။
ရက်စက်ခဲ့ဖူးသမျှကို နှလုံးသားတဆစ်ဆစ်နာအောင်ခံစားမိနေသည့်တိုင် သူဟာ........။

Purple Dream [Complete] Where stories live. Discover now