မုန်း၍မရနိုင်သောဂျွန်...

1.8K 156 6
                                    

Unicode

"ဂျွန်ငါတို့အိမ်ပြန်...."

"ငါမင်းကိုခိုးလာတာယောင်း...
အိမ်ပြန်လို့မဖြစ်ဘူး"

သူ့စကားမဆုံးမှီမှာပင်ဖြတ်၍ပြောလိုက်သောဂျွန်....။
ဂျွန်ရဲ့နူတ်ခမ်းပါးများမှ ခပ်အေးအေးထွက်လာသောထိုစကားများကြောင့် အံသြမယုံနိုင်စွာဖြင့်ဂျွန်၏လက်မောင်းအား ဆုပ်ကိုင်ထားသောလက်များကိုပင် ယောင်အစွာလွှတ်ချလိုက်မိသည်။

"ဟုတ်တယ်ယောင်း... ငါမင်းကိုခိုးလာခဲ့တာ...။ ငါမင်းကိုလက်ထပ်မယ်...ငါတို့လက်ထပ်ကြမယ်"

ဂျွန်က သူ့အားခိုးလာပါသည်တဲ့...။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
နောက်ပြီးလက်ထပ်မယ်... ဂျွန်ကသူ့ကိုလက်ထပ်မယ်တဲ့လား...
မဖြစ်နိုင်တာ...လုံးဝမဖြစ်နိုင်တဲ့ကိစ္စကြီးကိုဂျွန်ကဘာလို့အခုလိုလွယ်လွယ်ပြောရတာလဲနားမလည်နိုင်ဘူး။
ဂျွန်ကမှ သူ့ကိုမချစ်တာလေ...။

လက်ထပ်ခြင်းဆိုတဲ့စည်းဘောင်ထဲကိုဂျွန်ကသူနဲ့အတူ လက်ချင်းတွဲပြီးတိုးဝင်ပါမည်တဲ့။
ထိုစည်းဘောင်ထဲထဲတိုးဝင်ဖို့ကထိုမျှလွယ်ကူနေသည်ပါတဲ့။
ဂျွန်ဟာ သူငယ်ချင်းအဖြစ်ကနေတောင်
အဆင့်တက်ခွင့်မရှိ​သည့် စည်းတွေကိုအထပ်ထပ်ခြားထားခဲ့ သူမဟုတ်ပါလား...။
သူကသာဂျွန့်ကို သိပ်ချစ်မြတ်နိုးနေခဲ့ရတာ....။

"မင်းကိုချစ်ပါတယ်"
လို့တိုက်ရိုက်ဖွင့်မပြောရုံတမင် ချစ်တဲ့အကြောင်းတွေကိုအမျိုးမျိုးဖော်ပြနေခဲ့မိတာ....။
အရှက်မဲ့စွာပဲ ဂျွန့်အလိုကျစေခိုင်းသမျှကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့လုပ်ပေးနေခဲ့မိတာ...။ ဂျွန့်ကြောင့်နာကျင်ခဲ့ရတာလည်း အကြိမ်ကြိမ်...။
ဂျွန်ပေးခဲ့တဲ့ဒဏ်ရာတွေကနှလုံးသားတစ်ခုလုံးပြည့်ရှိနေခဲ့တာတောင် ဂျွန့်ကိုမမုန်းမိခဲ့။
မနာကျည်းခဲ့...။ ချစ်မြတ်နိုးခြင်းတွေလည်းအနည်းမျှလျော့မသွားခဲ့...။
ဒဏ်ရာဗလပွနဲ့နှလုံးသားတစ်စုံက ဂျွန့်ကိုမှတမ်းတနေမိခဲ့တာအခုချိန်ထိ။

ထိုမျှချစ်မြတ်နိုးခြင်းတွေဖြင့်ချစ်ပေးခဲ့သည့်တိုင် သွေးအေးလွန်းတဲ့ဂျွန်ဟာ မသိဟန်ဆောင်ပြီးသူ့ရဲ့အချစ်တွေကိုလျစ်လျူရှူ့ထားခဲ့သူမဟုတ်ပါလား...။
အခုအခါမှ ထိုလူသားဟာသူ့အားခိုးလာခဲ့ပါသည်တဲ့။ လက်ထပ်ချင်ပါသည်တဲ့။
သူ ဘယ်လိုလုပ်ယုံကြည်ရမလဲ။
စနေတာ...
ဟုတ်တယ် ဂျွန်ဟာသူ့ကိုစပြီးပြောနေတာ...။

Purple Dream [Complete] Where stories live. Discover now