ပထမဆုံးသောနောင်တ

1.5K 146 5
                                    

Unicode

jungkookအိပ်ရာနိုးလာတော့ ဘေးတွင်taehyungမရှိတော့။
ထိုအခါမှ သူအချိန်ကြည့်ဖို့သတိရသည်။ ဘေးနားရှိနေသောဖုန်းကိုလှမ်းယူလိုက်ပြီး ကြည့်မိတော့မနက်ကိုးနာရီခွဲ။
အင်း... ဒီလောက်ဆိုယောင်းကျောင်းသွားလောက်ပြီပေါ့။

ယောင်းနဲ့သူကလပ်ထပ်ပြီးတည်းကအိပ်ရာတစ်ခုတည်းပေါ်မှာပဲ အတူအိပ်ဖြစ်ခဲ့သည်။
အတူအိပ်ရုံမှလွဲ သူတို့ကြားဘာမှမရှိ။
ဘူဆန်လိမ္မော်ခြံမှအိမ်တွင်သာ တစ်ခါယောင်းတောင်းဆို၍ ယောင်းအားဖက်အိပ်ခဲ့ဖူးသည်။ ထိုသည်မှလွဲ ယောင်းအသားကိုပင်သူမထိခဲ့။ သူ့အတ္တအတွက်အပိုင်ရယူလိုက်မိတဲ့ယောင်းကို အဲလိုမျိုးတော့သူအနိုင်မကျင့်ချင်။ နောက်ပြီး ယောင်းငိုတိုင်းလည်း ကိုယ့်ကိုယ့်ကိုယ်အပြစ်ရှိတဲ့သူတစ်ယောက်လိုခံစားရစေပြီး ​ ယောင်းကိုအားနာမိတဲ့ခံစားချက်ကသာ အမြဲဝင်လာသည်။
သူ့ကို ယောင်းအမြဲလိုဂရုစိုက်ပေးတိုင်းလည်း စိတ်မလုံဖြစ်၍ အားနာခြင်းများကသာတိုးလာရသည်ကိုသူကိုယ်တိုင်သာသိပါသည်။ ယောင်းကသူ့ကြောင့်အများကြီးထိခိုက်ခဲ့ရပြီ...။

တွေးနေမိသောအတွေးများအားရပ်ကာအိပ်ရာပေါ်မှထ၍ ရေချိုးဖို့လုပ်ရသည်။ ရေချိုးခန်းတံခါးဖွင့်လိုက်ပြီး အထဲဝင်လာလိုက်လျှင် သွားတိုက်ရန်အဆင်သင့်ဖြစ်နေတဲ့သွားတိုက်တံနဲ့ တဘက်ကိုတွေ့ရ၏။
သွားတိုက်ဆေးထည့်ထားပြီးသား သွားတိုက်တံကိုကြည့်ကာအတွေးတွေဝင်လာပြန်သည်။ ယောင်းက သူအတင်းခိုးယူခဲ့တာတောင် သူ့ကိုအသေးအမွှားလေးကအစဂရုစိုက်ပေးနေတုန်းပင်။

ယောင်းကတစ််ကယ်ပဲအဲဒီကိစ္စတွေကိုမေ့ပစ်လိုက်ပြီလား...။ တစ်ကယ်ပဲအဲကိစ္စနဲ့ပတ်သက်ပြီး ဘာအစိုင်အခဲမှမရှိတော့ဘူးလား...။ ရှေ့မှကိုယ်လုံးပေါ်မှန်ကြီးကို အကြောင်းပြချက်မရှိငေးကြည့်နေမိသည်။
မှန်ထဲမြင်ရသောပုံရိပ်ကလည်း စိတ်ပျက်ဖို့ကောင်းသည်ဟုသူထင်နေမိ၏။
ထိုပုံရိပ်ပိုင်ရှင်သူဟာ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ကို အတ္တတစ်ခုတည်းအတွက်နဲ့အပိုင်သိမ်းပိုက်မိခဲ့ပါသည်တဲ့။ ထိုသည်က သိပ်ကိုစိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်မျိုးပင်။
သူကတစ်ကယ်ရွံစရာလူတစ်ယောက်ဖြစ်နေခဲ့ပြီလား...။

Purple Dream [Complete] Where stories live. Discover now