ယောင်းကငါ့အပိုင်

2.1K 183 22
                                    

Unicode

Jungkookမှာjiminပြောလိုက်သည့် စကားများကြောင့် စိတ်ထဲအလိုမကျ။
ဘာလုပ်လုပ်အဆင်မပြေပဲ စိတ်ထဲရူပ်ထွေး
နောက်ကျိနေခဲ့သည်မှာ သုံးရက်တောင်ရှိနေခဲ့ပြီ။ ထိုရက်တွေအတွင်း ယောင်းဆီကိုလည်းမသွားဖြစ်သလို ဘာကိုမှအာရုံမစိုက်နိုင်တာကြောင့် ဘာတစ်ခုမှမလုပ်ဖြစ်။
ကျောင်းလည်းမသွား၊ ကလပ်လည်းမသွား၊ဘယ်မှသွားပဲ အခန်းထဲအောင်း၍တစ်ယောက်တည်းသာနေမိသည်။

နားထဲစကားလုံးတစ်ချို့ကိုသာ ထပ်တစ်လဲလဲပြန်ကြားနေရ၏။
ထိုစကားသံများပျောက်လိုပျောက်ငှား စီးကရက်၊ဘီယာ၊ ဝီစကီအကုန်သောက်နေခဲ့ပေမဲ့ ထိုစကားသံများကပျောက်မသွားခဲ့။
ထိုအရာများကလည်း သူ့ကိုထိုစကားသံများကြားကရုန်ထွက်နိုင်အောင် အကူအညီမပေးနိုင်ခဲ့ကြသည်ကြောင့် အလိုမကျစွာဒေါသတွေသာထွက်လာရသည်။

"ထယ့်ရင်ထဲက မင်းဆိုတာကို ငါ့ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ရအောင်ဆွဲထုတ်ပြမယ်..."

"သံယောဇဉ်ရှိပြီးသား လူနှစ်ယောက်ကတစ်ဆင့်တိုးပြီး ချစ်သွားဖို့ဆိုတာလွယ်လွယ်လေးပဲ"

"တောက်! "

"ခွမ်း!!!!

တောက်ခေါက်သံပြင်းပြင်းနဲ့အတူ နံရံပေါ်အားပြင်းပြင်းနှင့်ရိုက်ခတ်သွားသံနှစ်ခုက တိတ်ဆိတ်နေတဲ့အခန်းထဲ ကျယ်လောင်စွာထွက်လာခဲ့သည်။
Jungkookလက်ထဲမှဝီစကီသောက်နေသောဖန်ခွက်လေးမှာ နံရံနဲ့မိတ်ဆက်ပြီးကြေမွကာအပိုင်းအစလေးတွေအဖြစ်သို့ရောက်သွားခဲ့လေသည်။

ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်လို့ဖြစ်နေမှန်းပင်နားမလည်နိုင်။ သူစိတ်တွေရူပ်နေပြီး အလိုမကျဖြစ်နေတာပဲ သိသည်။ ဘာကြောင့်လဲဆိုတာလည်း သေချာမသိ။
နားထဲ ထပ်တစ်လဲလဲကြားနေရသောjiminစကားများကြောင့်လား ဟုတွေးမိပါလျှင်လည်း သူမှယောင်းကိုမချစ်တာ။
ဒါဆို ဘာကြောင့်အခုလိုတွေဖြစ်နေခဲ့သည်လဲ။

ဘာကြောင့်လဲဟု အဖြေရှာရင်းစိတ်တွေရူပ်ထွေးလာရပြန်သည်။
သို့ပေမဲ့ jiminပြောခဲ့တဲ့စကားတွေကိုပြန်တွေးမိတိုင်း ရင်ထဲတင်းကျပ်နေတာကတော့အမှန်ပင်။
ရင်ထဲတင်းကျပ်ကျပ်ခံစားချက်ကိုသာ သက်သေလုပ်ပြီးတရားခံရှာလျှင် သူအလိုမကျဖြစ်နေသည်က jimin ယောင်းကိုချစ်ကြောင်းဖွင့်ပြောလိုက်မှာဖြစ်သည်ဟုပင် အဖြေထွက်လာခဲ့၏။
ထို့ကြောင့် စိတ်ထဲပို၍ပင်မလိုမကျဖြစ်လာခဲ့ရသည်။ မသိစိတ်၏တစ်ထောင့်တစ်နေရာတွင်လည်း ကြောက်စိတ်တစ်ချို့ကနေရာယူနေပြန်သည်။

Purple Dream [Complete] Where stories live. Discover now