ချစ်ခြင်း၏အရောင်နုသောအတ္တ

1.3K 150 21
                                    

Unicode

ထယ်ဆီကပြန်လာတော့ အတော်ပင်နောက်ကျနေပြီ။ ထယ့်ကိုလိုက်ပို့ခဲ့တဲ့အပြင်အန်ကယ်ဆေးစစ်တာတွေကိုပါအကုန်ပြီးတဲ့အထိစောင့်နေခဲ့သည်​ကြောင့် အခုလိုနောက်ကျသွားခြင်းပင်။
ကားကိုနေရာတွင်ရပ်ထားခဲ့ကာ အိမ်ထဲဝင်လာလိုက်တော့ ထမင်းစားဖို့ပြင်ဆင်ပြီဖြစ်နေတဲ့မေမေကိုတွေ့ရသည်။

"ဒီနေ့ပြန်လာတာ နောက်ကျတာပဲ။
ရေသွားချိုးပြီးရင် အမြန်ပြန်ဆင်းလာခဲ့တော့သား... အမေထမင်းစားပြီးအကုန်ပြင်ဆင်ပြီးနေပြီ"

"ဟုတ်ကဲ့မေမေ"

အမှန်ပင်နောက်ကျနေပြီဖြစ်သည်ကြောင့် အဖေနဲ့အမေကိုကြာကြီးထပ်မစောင့်နေစေချင်တော့။ အခန်းထဲသို့ရောက်လျှင် ထယ့်ဆီကရခဲ့သောနှင်းဆီပန်းလေးအား ပွင့်ဖတ်များခြွေကာသိမ်းနေကျကပ်ထူဗူးထဲသိမ်း၍ ရေချိုးခန်းထဲအမြန်ဝင်ရတော့သည်။

ထယ့်ဆီကရခဲ့သောထိုနှင်းဆီပွင့်တို့အား ပွင့်ဖတ်များခြွေ၍သိမ်းနေကျဖြစ်သည်။
ယခုယူခဲ့သောတစ်ပွင့်နှင့်ဆိုလျှင် ပန်းပွင့်ပေါင်းခြောက်ရာခြောက်ဆယ့်ရှစ်ပွင့်မြောက်ပွင့်ရှိပြီဖြစ်၏။
ထိုပန်းများဝယ်နေသည်က ထယ့်အကြွေးတွေအားနည်းနည်းဖြင့်မသိမသာချေပေးနေခြင်းဖြစ်သော်လည်း ထယ့်ဆီကရသောပန်း​ဖြစ်သည်ကြောင့်သူ့အတွက်တော့ အဖိုးတနလှပါသည်။
တန်ဖိုးကြီးကာလှပလွန်းသော ထိုနှင်းဆီပန်းများအားသူသေချာမသိမ်းထားပဲ မည်သို့မှမလွှင့်ပစ်ရက်။ ပွင့်ဖတ်များခြွေ၍ သိမ်းဆည်းထားသည်က အကောင်းဆုံးသောရွေးချယ်မူဖြစ်သလို တစ်ချိန်ကျအမှတ်တရကောင်းလေးတွေလည်းဖြစ်လာနိုင်လိမ့်မည်။

တစ်နေ့ ... ထယ့်ကိုလက်လွှတ်လိုက်ရမဲ့အချိန်ကျလာခဲ့ရင်လည်း ဤပန်းခြောက်လေးတွေက ထယ့်အစားသူနဲ့အတူတစ်သက်လုံးရှိသွားနိုင်မှာဖြစ်သလို ထယ်နဲ့အတူပျော်စရာအခိုက်အတန့်လေးတွေကိုပိုင်ဆိုင်ခဲ့ဖူးကြောင်းလည်း ဤပွင့်ဖတ်ခြောက်လေးတွေကသက်သေပြုကြလိမ့်မည်။
အခုသူ့အနားမှာရှိနေတဲ့ထယ်...
အခုချိန်ထိ... သူစောင့်ရှောက်ဂရုစိုက်ခွင့်ရနေတဲ့ထယ်...
သူသိပ်မြတ်နိုးရတဲ့ထယ်က ဘယ်အချိန်မှာသူ့အနားကထွက်ခွာသွားမလဲသူမသိသလိုဘယ်အချိန်တစ်ခြားသူတစ်ယောက်ရဲ့လက်ကိုဆုတ်ကိုင်သွားလဲဆိုတာလည်း သူမသိ...။ သေချာသည်က ထယ်သာပျော်ရမည်
ဆိုလျှင် နာကျင်ရစေအုံးတော့သူအပြုံးမပျက်လက်ခံမိမှာအမှန်ပင်။

Purple Dream [Complete] Where stories live. Discover now