ကြေမွနေသောနှလုံးသားများ...

1.1K 113 55
                                    

Unicode

"ထယ်...."

လှိုက်မော နာကျင်နေသောအသံက taehyungနှလုံးသားဖျစ်ညစ်လိုက်သည့်အတိုင်း။ ထိုအသံကြောင့်... taehyungမျက်လုံးများပိတ်ချကာ အံတင်းတင်းကြိတ်လိုက်မိ၏။
သူစကားသံတစ်ခွန်းမျှမထွက်နိုင်သေး။

"ငါရူးတော့မယ်ထယ်ရယ်.... ငါတစ်ကယ်ရူးတော့မှာကွာ... ငါ...ငါဘာလုပ်ရမယ်မှန်း မသိတော့ဘူးထယ်။ ဘာကဘယ်လိုစမှားပြီး... ဘယ်လိုတွေဖြစ်ကုန်လည်း....ငါမသိတော့ဘူး"

jiminစကားများကြောင့် taehyungကအမှန်ပင်အံသြသွားမိသည်။
သူကြားရမယ်ထင်ခဲ့တာ....jiminဆီကအခုလိုစကားမျိုးမဟုတ်။ Enn Hanaပြောခဲ့သည့်ကိစ္စများဟာ အမှန်ဖြစ်ကြောင်း jiminလည်းဝန်ခံပြောလာမည်ဟု ထင်ခဲ့တာဖြစ်သည်။ အခုလိုမျိုး စိတ်ရှုပ်ထွေးမွန်းကြပ်စွာပြောလာမည်ဟုမထင်ခဲ့။
ဒါဆို တစ်ခုတစ်ခုလွဲမှားနေခဲ့သည်လား။
သူမယုံနိုင်ဖြစ်ရသလို Enn Hanaပြောခဲ့သည်က တစ်ကယ်လည်းအမှန်တရားတွေမဟုတ်ဘူးလား.....။

Minie၏စကားများတွင် ယူကြုံးမရဖြစ်ခြင်းများနှင့်ရှိုက်သံရောနေသည်။
သူကိုယ်တိုင်လည်းminieကို ဘယ်လိုပြောပြီး ဘယ်လိုနှစ်သိမ့်ပေးရမည်မသိတော့။
မေးခွန်းတွေက တစ်စက္ကန့်အတွင်းမှာပင်အများအပြား....။ မည်သို့တွေးရမည်လည်းမသိတော့ပဲ ဉီးတည်ချက်ပျောက်နေခဲ့ပြီ။

" minie... "

"ထယ်... ငါဘာလုပ်လိုရမလဲကွာ...."

Minieကိုယ်တိုင်လည်း လမ်းပျောက်နေသည်ထင်ပါသည်။
Minieပြောသလို ဘယ်ကဘယ်လိုစမှားနေလဲ သူလည်းမတွေးတတ်တော့။
အရင်ဆုံး minieအားနှစ်သိမ့်ပေးဖို့ကြိုးစားရသည်။

"အဆင်ပြေသွားမှာminieရယ်.... အားတင်းထားနော်"

"ငါဘယ်လိုတွေးပြီး အားတင်းရမလဲထယ်ရာ.... ငါ့ကိုရုန်းမရအောင်အကုန်ချည်ထားကြတာ။ ငါ့အဖေတောင်ငါ့ဘက်မှာမရှိတော့ဘူး။ ငါဘာမှလုပ်လို့မရတော့ထယ်ရဲ့။ ငါမှာရွေးချယ်စရာဘာမှမရှိတော့ဘူး။
ငါအိမ်မပြန်ချင်တော့ဘူးထယ်....
ငါတစ်ကယ် ပျော့ညံ့မိတော့မယ်"

"Minie မင်းအခုဘယ်မှာလဲ"

"Barမှာ..."

Barဆိုသည့်စကားကြောင့် စိုးရိမ်သွားရသည်။ တစ်ယောက်တည်း Barမှာရှိနေသည်လား။ငါတစ်ကယ် ပျော့ညံမိတော့မယ်ဆိုတဲ့စကားကလည်း ဘာကိုရည်ရွယ်မှန်းမသိပေမဲ့
အခုလိုအခြေအနေမျိုးမှာ minieတစ်ခုခုလုပ်ပစ်လိုက်မှာကို စိုးရိမ်လာသည်။

Purple Dream [Complete] Where stories live. Discover now