ပြုစားနိုင်လွန်းတဲ့ဂျွန်

1.5K 157 20
                                    

Unicode

"ယောင်းထတော့... ငါတို့နောက်ကျနေပြီ"

သူ ယောင်းရဲ့အခန်းထဲဝင်လာလိုက်တော့ jiminပြောသည့်အတိုင်းယောင်းကအိပ်ပျော်နေတုန်းပင်။ မနိုးပဲဒီတိုင်းများထားလိုက်ရင် တစ်နေ့လုံးများအိပ်နေမလားမသိ။
ယောင်းက အခုလိုအိပ်ပုတ်လေးမှန်းသူတစ်ကယ်မသိခဲ့တာအမှန်ပင်။

သူနိုးလိုက်ပေမဲ့ ကုတင်ပေါ်မှာ စောင်ခေါင်းမြှီးခြုံပြီး ကွေးနေသောယောင်းမှာ တုတ်တုတ်ပင်မလူပ်ပဲ အိမ်မက်ထဲသာယာနေတုန်းထင်၏။
jiminက ဒီအိပ်ပုတ်လေးယောင်းကို အစောကြီးထပြီးနေ့တိုင်းလာနိုး ကျောင်းသွားဖို့စောင့်ခေါ်နေခဲ့သည်တဲ့။ ဒီနေ့ jiminဖုန်းတက်ပြောပြမှ ထိုအချင်းအရာကိုသိလိုက်ခြင်းပင်။
ယောင်းကိုjiminငယ်ငယ်တည်းကကျောင်းအတူသွားဖို့သွားခေါ်တတ်တာသိပေမဲ့ အိပ်နေတဲ့ယောင်းကိုနိုးပြီးမှ စောင့်ခေါ်ရသည်ကိုတော့မထင်ထားမိ။
သူ့ကို​ကျောင်းသွားဖို့လာခေါ်လျှင်လည်း အိမ်ရှေ့ထိနှစ်ယောက်သားအတူလာ ခေါ်ခြင်းကြောင့်လည်းဖြစ်လိမ့်မည်။

jiminကယောင်းအပေါ် တစ်ကယ်စ်ရှည်လွန်းသည်။
ဒီတစ်ချက်တည်းနဲ့တင်Jiminရဲ့ယောင်း အပေါ်စိတ်ရှည်နိုင်မူကိုမြင်နိုင်သလို အထပ်ထပ်ရစ်နွယ်နေသောကြိုးတို့၏ခိုင်မြဲမူကိုမြင်နေရသည်။
ထိုကြိုးများက တစ်ချိန်ကဖြူစင်သောသံယောဇဥ်ကြိုးများဖြစ်ကောင်းဖြစ်ခဲ့မှာပေမဲ့ အခုတော့သူလက်မခံ၊မယုံကြည်သောခေါင်းစဉ်အောက်မှာ အရောင်ပြောင်းလဲနေခဲ့ပြီကိုသူသိသည်။ jiminရဲ့အဖြူရောင်သံယောဇဥ်မှာ ထပ်ဆောင်း၍နောက်ထပ်သောအရောင်များရောနေခဲ့လေပြီ။
သို့ပေမဲ့ jiminကအခုချိန်ထိအနည်းအကျဥ်းမျှမဖွင့်ဟခဲ့။
ဒါဆို ယောင်းဘက်ကကော...
သူဆက်မတွေးချင်တော့...

"ယောင်းရေ... ထတော့လို့။ ငါတို့တစ်ကယ်နောက်ကျနေပြီ"

Jungkookက taehyungရဲ့လက်မောင်းနေရာကိုမှန်းပြီး ကိုင်ကာလူပ်နိုးလိုက်၏။
ခန္ဒာလေးကအနည်းငယ်လူပ်လူပ်ရွရွ
ဖြစ်လာခဲ့ကာ အိပ်ချင်းမူးတူးဖြင့်အသံကတိုးတိတ်စွာထွက်လာခဲ့သည်။
တိုးပြီး လုံးထွေးလာတဲ့အသံမို့jungkook မှာ မနည်းနားထောင်လိုက်ရသည်။

Purple Dream [Complete] Where stories live. Discover now