ခရမ်းလီလီ၏ နောင်တ...

1.2K 128 80
                                    

Unicode

taehyungနှင့်jimin​တို့ ကျောပိုးအိပ်လေးကိုယ်စီလွယ်ရင်း သူတို့စာသန်ခန်လေးရှိရာသို့ ရယ်မောပျော်ရွှင်စွာဝင်လာခဲ့ကြသည်။ taehyung၏ လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေကို jiminရဲ့ချစ်စရာလက်ချောင်းဖောင်းဖောင်းတိုတိုလေးတွေဖြင့် ဆုတ်ကိုင်ထားပြီး... ထိုဆုပ်ကိုင်ထားတဲ့လက်လေးတွေကိုလှုပ်ရမ်း၍ဝင်လာကြပုံက သူတို့သူငယ်ချင်လေးနှစ်ယောက်မည်မျှချစ်ကြကြောင်းကို မြင်သူတိုင်းသိနိုင်သည်။

taehyungမှာjiminလက်ကိုကိုင်၍ စနောက်ပြီးမိမိတို့ထိုင်ရာဆီ လျှောက်နေချိန်တစ်စုံတစ်ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့် အတန်းကိုပတ်လည်တစ်ချက်ကြည့်လိုက်သည်။
ထိုအခါအတန်း၏ နောက်ဆုံးခုံတွင် တစ်ယောက်တည်းထိုင်၍သူတို့ကို မျက်လုံးဝိုင်းကြီးတွေစိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်။
ဘာလဲ... ကျောင်းသားသစ်လား။

"ဘာလဲထယ်ထယ်..."

minieကသူကြည့်ရာကို လိုက်ကြည့်ပြီးမေးလာသည်ကြောင့်ခေါင်းခါမိသည်။

"ဟင့်အင်း ဘာမှမဟုတ်ပါဘူး။ ထိုင်ရအောင်minie"

သူတို့ထိုင်ရာမှာဝင်ထိုင်လိုက်ပြီး ခဏအကြာအတန်းပိုင်ဆရာမဝင်လာသည်။
ထို့နောက်ကျောင်းသားသစ်ရောက်ကြောင်းနှင့် ချစ်ချစ်ခင်ခင်နေကြဖို့ပြောလာခဲ့ပြီး နာမည်ပါတစ်ခါတည်းမိတ်ဆက်ခဲ့တာကြောင့် ထိုမျက်လုံးဝိုင်းဝိုင်းနှင့်ကောင်လေးနှာမည်ကို Jeon Jungkookမှန်းသိရသည်။

အတန်းပိုင်ဆရာမပြန်ထွက်သွားတော့ဘာသာသင်ဆရာမတွေက ကိုယ်စီသက်ဆိုင်ရာဘာသာများအားလာသင်ကြသည်။ ဆရာမတွေစာနေတုန်း taehyungလေးစိတ်ဝင်စားစွာဖြင့် နောက်မှ မျက်လုံးဝိုင်းလေးဆီလှည့်ကြည့်နေမိသည်။

သူလှည့်ကြည့်လိုက်တိုင်း ဆရာမသင်နေတာကိုဂရုစိုက်မစိုက်ပဲ စာအုပ်တစ်အုပ်နှင့်ဘာတွေခြစ်နေသည်မသိ။
နောက်ဆုံးမုန့်စားဆင်းချိန်ရောက်တော့ မနေနိုင်စွာထိုကောင်လေးဆီသွားမိတော့သည်။
သူသွားတိုင်းအမြဲလိုပါတဲ့ minieလည်းဘေးနားတွင်ပါလာခဲ့သည်။

"Hi Jeon Jungkook"

မုန့်စားဆင်းချိန်ခုံပေါ်မှောက်အိပ်နေသော ထိုကောင်လေးကိုtaehyungလေးနူတ်ဆက်လိုက်သည်။ taehyungအသံကြောင့် ခေါင်းထောင်လာကာ မျက်လုံးဝိုင်းကြီးတွေနဲ့စိုက်ကြည့်လာလျှင် taehyungဟီးခနဲ့ သွားတွေဖြဲကာရယ်ပြပြီး မျက်နှာချိုးသွင်းလိုက်သည်။

Purple Dream [Complete] Where stories live. Discover now