ညစျေးအမှတ်တရ

1.8K 173 20
                                    

Unicode

"Minieမင်းနေ့လယ်စာ စားလာပြီးပြီလား"

နေ့လယ်လောက်မှရောက်လာတဲ့jiminကိုtaehyungမေးလိုက်ခြင်းဖြစ်ပင်။ jungkookကမနက်တည်းကရောက်လာတာဖြစ်တာကြောင့် သူနှင့်အတူနေ့လယ်စာ စားပြီးပြီဖြစ်သလို စားပြီးမှအခုလိုဂိမ်းထိုင်ဆော့နေကြတာဖြစ်သည်။

"မင်းတို့ကောစားပြီးပြီလား... တစ်ကယ်တော့ငါမစားရသေးဘူး"

jiminစပြီးပြောလိုက်ခြင်းပင်။ သူ့ကိုယုံသွားတဲ့ထယ်က အံသြသွားသလိုနာရီကိုလည်းတစ်ဆက်တည်းလှမ်းကြည့်ကာ စကားဆိုလာခဲ့သည်။မျက်ဝန်းတွေမှာအံသြစိုးရိမ်မူတွေပြည့်လို့။ jungkookကတော့ ဘာမှမပြောတော့ပဲTVဂိမ်းထဲကိုသာအာရုံစိုက်နေ၏။

"ဟင် ဒီအချိန်ထိမစားရသေးဘူးလား။ ရောက်တည်းကပြောလိုက်တာမဟုတ်ဘူးminieရယ် ဗိုက်ဆာနေတော့မှာပဲ"

"ငါရောက်တော့ လီလီပန်းကြောင့်အလုပ်ရှုပ်သွားကြတာနဲ့ပြောဖို့ကို မေ့သွားတာ"

သူ့ကိုစိတ်ပူစွာပြောနေတဲ့ကောင်လေးကြောင့် jiminမှာဆက်ပြီးစနေမိသေးသည်။
ထယ်ရဲ့အခုလိုသူ့ကိုစိတ်ပူနေတဲ့ပုံစံလေးကို သူတစ်ကယ်သဘောကျမိသည်ကြောင့်ပင်။ မျက်ဝန်းညိုညိုလေးတွေမှာလည်း တစ်ကယ်ထင်ပြီးစိုးရိမ်ရိပ်တွေလွှမ်းလို့။
အခုလိုသူ့အတွက် စိတ်ပူပေးနေတဲ့ထယ့်ရဲ့ပုံရိပ်လေးက အရာရာထက်ကိုလှလွန်းနေတာကြောင့် သိမ်းဆည်းထားလိုက်မိသည်ကနှလုံးသား၏အနက်ရိူင်းဆုံးနေရာမှာပင်။

"ဟုတ်သားပဲ... ခဏနေဖက်ထုပ်ကရတာတော့မှာ။ ဒါပေမဲ့ စောင့်နေရင်မင်းအရမ်းဗိုက်ဆာနေလိမ့်မယ်minie။
မင်းထမင်းစားမလား... ဒါမှမဟုတ်ကော်ဖီဖျော်ပေးရမလား... ဘာစားမလဲငါလုပ်ပေး​မယ်လေ"

ထိုစကားလေးတွေကြောင့် jiminရင်ထဲနွေးခနဲ့။ ကျေနပ်မူကြောင့်နူတ်ခမ်းလေးတွေက အလိုအလျောက်ကွေးညွန့်လျှက်သားဖြစ်သွားခဲ့သည်။ taehyungမှာjiminဘာပြောမလဲစောင့်နေတာကြောင့် မျက်ဝန်းညိုညိုလေးရဲ့အကြည့်ကjiminဆီမှာဖြစ်၏။
နူတ်ခမ်းလွှာလေးတွေကိုလည်း ခပ်တင်းတင်းလေးဖိပိတ်ထားကာ အဖြေကိုစောင့်နေသည်။

Purple Dream [Complete] Where stories live. Discover now