မရည်ရွယ်ပါပဲ ရယူမိခြင်း...

1.5K 153 19
                                    

Unicode

Jungkookအိမ်ထဲခြေချလိုက်သည်နှင့် သဘောကျရယ်နေသောယောင်းရဲ့ရယ်သံသဲ့သဲ့လေးကိုအရင်ဆုံးကြားရသည်။
အိမ်ထဲလျှောက်လာလိုက်တော့ ဧည့်ခန်းထဲရှိနေကြသောယောင်းနဲ့jimin။
လက်တော့ပ်တစ်ခုကိုအလယ်တွင်ချပြီး ကြည့်ကာရယ်နေကြသည်က စိတ်လက်ပေါ့ပါးစွာပင်။

မျက်လုံးလေးများပိတ်သည်အထိ ရယ်နေသောယောင်းပုံစံကို သူငေးကြည့်နေမိသည်။ ကြည့်ရင်းမှရင်ထဲနေရခက်စွာ တင်းကြပ်လာရ၏။ ယောင်း အခုလိုမျိုးမရယ်တာဘယ်လောက်တောင်ကြာခဲ့ပြီလဲ....။
သူ့ကိုပြုံးပြတဲ့အပြုံးတွေက အခုအပြုံးလေးတွေလိုလန်းဆန်းလတ်ဆတ်မနေပဲ နွမ်းလျစွာညိုးငယ်နေသည်ကိုသူသိပါသည်။
ထိုအပြုံးတွေကရင်ထဲမပါတဲ့အတုယောင်အပြုံးတွေသာ...။

သူကယောင်းကိုအခုလိုမျိုး လွပ်လွပ်လပ်လပ်ပြုံးနိုင်အောင်တောင် လုပ်နိုင်တဲ့သူမဟုတ်။ သူလုပ်နိုင်တာကယောင်းဝမ်းနည်းရအောင်၊ ယောင်းမျက်ရည်ကျရအောင်သာ....။ jiminကယောင်းကို ပြုံးအောင်၊ပျော်အောင်လုပ်နိုင်သလောက် သူဆိုတဲ့Jeon Jungkookက ယောင်းကိုစိတ်ညစ်စရာတွေနဲ့ဒုက္ခတွေသာပေးနိုင်သည်။

jiminကြောင့်ယောင်းရယ်ရပေမဲ့ သူကြောင့်တော့ ယောင်းရငိုရသည်။
ယောင်းကိုအပိုင်အဖြစ်ရယူထားတဲ့သူက ယောင်းအပေါ်ဘာကောင်းတာတစ်ခုမှ လုပ်ပေးနိုင်တာမရှိခဲ့။ သူ့ရဲ့အလုပ်ရပ်တိုင်းက အမှားတွေချည်းသာ....။
ချစ်ခြင်းမေတ္တာတွေနဲ့ထိုက်တန်လွန်းတဲ့ယောင်းက သူ့လိုချစ်ခြင်းတရားကိုနားမလည်တဲ့သူနှင့်ဘယ်လိုမှမအပ်စပ်၊ မထိုက်တန်။ ယောင်းကတစ်ကယ်ကို သူနှင့်မထိုက်တန်လွန်းတဲ့လူသားလေးတစ်ယောက်။

"ဟင် ဂျွန်ရောက်နေပြီလား..."

သူငေးကြည့်ကာတွေးမိတုန်းသူ့ဖက်လှည့်လာတဲ့ယောင်းကသူ့ကိုမြင်သွားပြီး စကားဆိုလာခဲ့သည်။ ယောင်းနဲ့အတူjiminရဲ့အကြည့်တွေကလည်း သူ့ဆီသို့...။

"အင်း"

"Minieနဲ့ရယ်စရာဇာတ်ကားလေးတွေကြည့်နေကြတာလေဂျွန်... ပိတ်ရက်minieရောက်လာလို့တော်သေးတယ်။ မဟုတ်ရင်ပျင်းနေရမှာ"

Purple Dream [Complete] Where stories live. Discover now