ပြောင်းလဲဖြစ်ပျက်သွားခဲ့သော

1.3K 175 18
                                    

Unicode

တစ်ရွှေ့ရွေ့ဖြင့်ကုန်ဆုံးလာခဲ့သောအချိန်တွေက ယခုဆိုလျှင်လေးနှစ်ပင်ကုန်လွန်သွားခဲ့ပြီ။ သူများတွေတွေးနေကျဖြစ်တဲ့အတိုင်း အချိန်တွေကသိပ်အကုန်မြန်လွန်းတယ်လို့တော့ မထင်မိ။
အနှေး၊အမြန်မရှိ ပုံမှန်အတိုင်းလည်ပတ်ကုန်လွန်နေသောအချိန်နာရီတွေဟာ သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုမှန်ကန်တိကျစွာဖြင့်ပင် ရက်၊ လ၊ နှစ် တွေအတိုင်းလုပ်ဆောင်သွားကြခြင်းဖြစ်သည်။

အချိန်အကုန်မြန်ခြင်း၊ ကြာခြင်းမှာ အချိန်၏ကုန်လွန်လည်ပတ်ခြင်းအား မိမိ၏ခံစားမူတစ်ချို့ကိုရင်း၍တွက်ချက်တတ်ကြသောလူသားများ၏ သတ်မှတ်ချက်တစ်ခုပင်။
သို့ဆိုလျှင် သူသည်ကား....။
သူ့အတွက်တော့အချိန်က အကုန်မမြန်ခဲ့။ ပင်ပန်းခက်ခဲ့ရသောအချိန်များဖြစ်သည်ကြောင့်လည်း အချိန်အကုန်မမြန်ဟုထင်မိခြင်းဖြစ်ပါလိမ့်မည်။
သုံးနှစ်ဆိုသည့်အတိုင်းအတာအတွင်း အမျိုးမျိုးသောပြောင်းလဲမူများနှင့်ကြုံခဲ့ရပြီး နာကျင်ခြင်း၊ဝမ်းနည်း​ခြင်း၊ သိမ်ငယ်ခြင်း၊ပင်ပန်းခြင်း ၊ခြောက်ခြားခြင်းတို့အားလည်း သေလုနီးပါးခံခဲ့ရသည်။

အခုတော့အရာရာဟာ မုန်းတိုင်းကင်းစင်သာယာသည့် ရေပြင်ကျယ်ပဏငြိမ်သက်လို့။ အများအမြင်သာယာလှပနေပြီဖြစ်သော ရေပြင်ကျယ်ဟာ တစ်ချိန်ကအလွန်ပင်ကြီးမားနက်နဲသောလေမုန်းတိုင်းကြီးနှင့်ရင်ဆိုင်ခဲ့သည်ကိုလည်း မည်သူမှမသိနိုင်တော့။ သက်သေအဖြစ်အနည်ထိုင်သွားခဲ့ပြီးဖြစ်သောခံစားချက်အစိုင်အခဲများသာကျန်ရစ်ခဲ့သည်။ မည့်သည့်အခါမှပြယ်ပျောက်နိုင်မဟုတ်သော ယင်းအစိုင်အခဲများ...။

"အကို"

"ဟင် အင်းဘန်ဘန်...
အကို့ကိုဘာပြောမလို့လဲ "

"အခုနကဖုန်းဆက်လာလို့ပါအကို tulipတွေပို့လိုက်တာက မနက်ဖန်မနက်လောက်မှရောက်ပါတော့မယ်တဲ့။ အဲဒါ အကိုစောစောအိမ်ပြန်ချင်လည်းပြန်လို့ရအောင်လာပြောတာပါ"

"အော် အင်း... ဒါဆိုမနက်ကျငါတို့ဆိုင်အစောကြီးဖွင့်ရမှာပေါ့။ ရေမွှေးနှင်းဆီတွေကလည်းမနက်ဖန်ရောက်မှာမလား... မနက်တို့ငါတို့တွေပင်ပန်းမှာပဲ"

Purple Dream [Complete] Where stories live. Discover now