ဝဋ်ကြွေးလှလှလေး

1.3K 136 7
                                    

Unicode

တစ်ညလုံးရေရေရာရာမရှိတဲ့အတွေးကြောင့် အိပ်မရပဲရှိနေခဲ့သည်မှာ အခုမိုးလင်းသွားသည်အထိ။ တစ်ညလုံးမအိပ်ထားတာကြောင့်လူကနုံချာနေပြီး စိတ်တို့ကလည်းတွေးရလွန်း၍ပင်ပန်းကာနွမ်းလျနေသည်။ ထိုသည်ကြောင့် ဆက်အိပ်မနေချင်တော့ပဲအစောကြီးပင်ထလာမိတော့၏။
နွမ်းလျနေသောခန္ဒာကိုယ်အား လန်းသွားအောင်ရေချိုးပစ်လိုက်ချင်ပြီ။

သူအိပ်ရာမှထလာချိန်ယောင်းပင်မနိုးသေး။ နှစ်နှစ်ခြောက်ခြောက်အိပ်ပျော်နေတဲ့ယောင်းက သူရေချိုးခန်းထဲကထွက်လာတဲ့အထိ အိပ်မြဲတမ်းအိပ်နေတုန်းပင်....။ စောင်ပုံထဲမြုတ်လုလုဖြစ်နေတဲ့ယောင်းက ကြောင်ပေါက်စလေးနဲ့တူနေသည်။ ကြောင်ဖြူပေါက်စလေးနဲ့တူနေသည့်အတိုင်း ယောင်းကအပြစ်ကင်းစင်ကာ ချစ်စရာကောင်းလွန်းပါသည်။
ဤမျှဖြူစင်လွန်းသော ယောင်းကိုသူ့အတ္တတွေဖြင့်အရောင်ခြယ်ခဲ့မိပါသည်တဲ့။
တွေးလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ်နောင်တရမိသည်။ သူတစ်ကယ်လူမဆန်စွာ လုပ်ခဲ့မိသည်။ သူမှားကြီးမှားခဲ့သည်။

အဝတ်စားလဲအကုန်ပြင်ဆင်ပြီးတော့ အားသွင်းထားတဲ့ဖုန်းကိုဖြုတ်ယူကာအချိန်ကြည့်မိ၏။ မနက်ခြောက်နာရီခွဲ...။
စောသေးသည်ကြောင့် ယောင်းကိုမနိုးပဲထားခဲ့လိုက်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။ ထိုအချိန်လက်ထဲကိုင်ယူလာသော ဖုန်းမှတုန်ခါမူ....။

"Ti..... Ti..... Tii...."

contact nameကိုကြည့်မိတော့ သူမျက်ခုံးများပင့်တက်သွားရသည်။ ဖုန်းဆက်လာသူမှာjiminဖြစ်သည်ကြောင့်....။
သူအတိအကျမှတ်မိနေသည်က jiminသူ့ဆီနောက်ဆုံးဖုန်းဆက်ခဲ့တာ ယောင်းကိုသူခိုးလာခဲ့သည့်နေ့ကပင်....။ ထိုနေ့ကစပြီး jiminသူ့ဆီဖုန်းဆက်ခဲ့တာမျိုးမရှိခဲ့။ အခုမှဖုန်းဆက်လာသည်က သူ့အတွက်နည်းနည်းတော့ထူးဆန်းနေသည်။
ခေါ်ဆိုနေဆဲဖြစ်သည့် ဖုန်းကိုကိုင်လိုက်သည်။

"ဘာလဲjimin... ထူးထူးဆန်းဆန်းငါ့ဆီဖုန်းဆက်တာက"

"ငါ့ကိုခြံတံခါးလာဖွင့်ပေးjungkook... ငါမင်းတို့ခြံရှေ့မှာ..."

"ဘယ်လို..."

"ကျစ်! မင်းတို့ကခြံစောင့်လည်းမထားဘူးလား။ မြန်မြန်လာဖွင့်စမ်းပါ ငါစောင့်နေတာကြာနေပြီ "

Purple Dream [Complete] Where stories live. Discover now