အဆုံးသတ်....

3K 150 89
                                    

Unicode

(အချစ်အား သေချာနားမလည်ခဲ့သောခရမ်းရောင်လီလီ၏ အဆုံးသတ်)

ကောင်းကင်ပြာပြာအောက် လှပဝင့်ကြွားစွာဖူးပွင့်နေကြသော အနီရောင်နွေဦးပန်းများ။
ကျယ်ပြန့်တဲ့ကောင်းကင်ပြင်အတိုင်း မျက်စိတစ်ဆုံးရှိနေကြတဲ့ အနီရောင်ပန်းလေးတွေက သိပ်ကိုလှရက်လွန်းနေခဲ့သည်။
ထိုမျက်စိတစ်ဆုံးရှိနေကြေသော ပန်းတွေကိုငေးမောရသည်မှာ စိတ်ကြည်နူးစရာကောင်းမနေခဲ့။

လှသလောက် ဝမ်းနည်းစရာအဓိပ္ပါယ်ရှိသည့်ဤပန်း။ လူတွေရဲ့နောက်ဆုံးခွဲခွာခြင်းကို ဖော်ကျူးသည့်ပန်းပါတဲ့။
Jungkookထိုပန်းများကိုငေးရင်း နူတ်ခမ်းပါးများအနည်းငယ်ကွေးရုံမျှပြုံးလိုက်ပါသည်။
ထိုနူတ်ခမ်းများနှင့်လားလားမျှမဆိုင်စွာ မျက်ဝန်းတွေကတော့ ပြိုတော့မည့်မိုးနှယ်အုံမှိုင်းလို့နေပါ၏။ ထိုအချိန်တိုက်ခတ်လာသော နွေဉီးလေပြေများက jungkook၏ဝမ်းနည်းမူများကို အသိအမှတ်ပြုသည့်အလားဆွေးမြေ့ဖွယ်ကောင်းနေခဲ့သည်။

လေတိုးသံသဲ့သဲ့မှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပါ၏။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကပင် တစ်ချိန်ကကြောင်းအကြောင်းအရာများကို မျက်ဝါးထင်ထင်မြင်ယောင်လာစေခဲ့သည်။ အသံတို့က အခုပင်ပြောနေကြတဲ့အတိုင်းနားထဲကြားယောင်လာရစေ၏။ နှလုံးအိမ်အား အက်ဆစ်ရည်များလောင်းချလိုက်သည့်နှယ် နာကျင်မူတို့ကအတိုင်းမတိ။

"ဂျွန်...မင်းသိရဲ့လား red spider lillyရဲ့အဓိပ္ပါယ်ကိုလေ။  "

ငါတစ်ခုတော့ ကောင်းကောင်းသိခဲ့ပါပြီယောင်းရယ်.... ဘယ်လောက်တောင်မှ ဝမ်းနည်းစရာအဓိပ္ပါယ်နဲ့ပန်းလဲ။
မင်းကိုဒီကိုခေါ်လာခဲ့တုန်းက မင်းဘယ်လောက်တောင်ကြောက်ရွံ့နေခဲ့မလဲဆိုတာ ကိုယ်တိုင်ခံစားရတော့မှကောင်းကောင်းနားလည်ခဲ့ပါပြီ။

မင်းတွေ့ဖို့ပြောလာတဲ့နေရာက ဒီနေရာဖြစ်နေတဲ့အခါ ငါရင်တွေနာလိုက်ရတာ။
ငါတို့ရဲ့နောက်ဆုံးတွေ့ဆုံမူမှန်း မင်းဒီပန်းတွေနဲ့ပြောလိုက်မှန်းလည်း ငါသိပါတယ်။
နောက်ဆုံးနူတ်ဆက်ခြင်းနှင့် နောက်ဆုံးတွေ့ဆုံခြင်းပါပဲ.... ငါတို့တွေ ဒီနေ့ပြီးရင်ထပ်တွေ့နိုင်တော့မှာမဟုတ်တော့ဘူး။ ထာဝရအတွက်နောက်ဆုံးနူတ်ဆက်ခြင်းပါပဲ။

Purple Dream [Complete] Where stories live. Discover now