ခိုးယူပိုင်ဆိုင်ခြင်း

1.9K 172 24
                                    

Unicode

2:00 AM

ပတ်ဝန်းကျင်တစ်ခုလုံးတွင်တိတ်ဆိတ်မူကသာကြီးစိုး၍ နက်ရိူင်းသောမှောင်ထုထည်ကြီးကသာ လွှမ်းခြုံလို့ရှိနေခဲ့၏။
ထိုမဲမှောင်နေသော ကားလမ်းမကြီးအတိုင်းတရွေ့ရွေ့မောင်းနှင်လာသော ကားတစ်စီး၏ အားပြင်းသောကားမီးရောင်ကမူ အမှောင်ထုကိုထွင်းဖောက်၍ ကားမောင်းနိုင်အောင်ကူညီပေးနေကြသည်။
ဆောင်းကုန်ခါနီးဖြစ်သော်လည်း မြူငွေ့ပါးပါးတို့က မဟူရာရောင်ကောင်းကင်ထက်မှာကျဆင်းကာ ဝန်းကျင်အနှံ့မြူးကြွလို့။

ယင်းကားလေးမှာ ကိုးရီးယားနိုင်ငံ၏မြို့တော်ဖြစ်သော ဆိုးလ်မြို့မှနေစတင်ထွက်ခွာသည်ဖြစ်၍
အဝေးပြေးလမ်းမရှည်ကြီးများကိုပင်ပန်းစွာဖြတ်ကျော်လာခဲ့ပြီးပြီဖြစ်သည်။
အခုအခါတွင်ကားဘူဆန်မြို့ထဲသို့ပင်ရောက်ခါနီးနေပြီဖြစ်၏။

တိတ်ဆိတ်ငြိမ်သက်နေသည့် လမ်းမကြီးထဲမောင်းနှင်းနေသောကားထဲတွင်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကောင်လေးတစ်ယောက်နှင့် စွန်ရဲတစ်ကောင်၏မျက်လုံးများကဲ့သို့စူးရဲနေသောမျက်ဝန်းများဖြင့် ကားမီးရောင်ကြောင့်မြင်နေရသော လမ်းကိုအာရုံစိုက်ပြီးမောင်းနှင်နေသော ကောင်လေးနှစ်ယောက်သာရှိနေခဲ့သည်။
အိပ်နေသောကောင်လေးမှာ ကားမှအနွေးပေးစက်များဖွင့်ထားသည့်တိုင်အေး၍ထင်၏  လက်မောင်းလေးနှစ်ဖက်ကို သွယ်လျသောလက်ချောင်းလေးများဖြင့်ဆုတ်ကိုင်ထားသည်။

"အရမ်းအေးနေတာလား...
ဟုတ်သားပဲ မင်းကအအေးမခံနိုင်ဘူးပဲယောင်း..."

ကားမောင်းနေသောကောင်လေးက အိပ်ပျော်နေသောကောင်လေးကိုပြောသည်လား မိမိကိုယ်မိမိပြန်ပြောနေသည်လားမသဲကွဲ။
ထိုမျှသာပြောပြီး ကားအရှိန်လျော့ကာသူဝတ်ထားသော အပေါ်ကုဒ်ကိုချွတ်ပြီး
အိပ်ပျော်နေသောကောင်လေးကိုခြုံပေးလိုက်သည်။

တစ်ဖြည်းဖြည်းဘူဆန်မြို့ကြီးထဲဝင်ရောက်လာပြီးဖြစ်၍ ပတ်ဝန်းမှာမြို့ကြီးရှိအလင်းရောင်များကြောင့် ယခင်ကလိုမှောင်မိုက်၍မနေတော့။
ဘူဆန်မြို့ကြီးထဲသို့ရောက်သည့်တိုင် မောင်းနှင်းသောကားလေးမှာမရပ်သေးပါချေ။
ထိုမှအချိန်တစ်ခုအကြာမှာ ဘူဆန်မြို့စွန်းမှခြံကျယ်ကြီးတစ်ခုရှေ့သို့ရောက်လာခဲ့သည်။
ထိုအခါမနက်3:00ထိုးနေလေပြီ။
ကားလေးမှာ ထိုခြံရှေ့၌ရပ်လိုက်ပြီး ကားဟွန်းမြည်သံက တိတ်ဆိတ်မူကိုကြီးစွာ နှောက်ယှက်လေတော့သည်။
ထိုသို့နှောက်ယှက်ပြုမူနေသောjungkookမျက်နှာမှာ ပကတိတည်နေ ပြီး အနည်းငယ်မှအားနာမူတော့ရှိမနေ။

Purple Dream [Complete] Where stories live. Discover now