ခရမ်းရောင်လီလီတို့၏အတိတ်

1.2K 150 20
                                    

Unicode

"မင်္ဂလာပါဗျ"

ဆိုင်ထဲဝင်လာသောဧည်သည်ကြောင့်ဘန်ဘန်ရိုသေစွာနူတ်ဆက်လိုက်သည်။ သေချာကြည့်မိတော့မှ ဟိုတစ်နေ့ကပန်းစည်ဝယ်သွားတဲ့အကို....။
ရှပ်အဖြူကိုစတိုင်ပင်အနက်ဖြင့်ရိုးရိုးရှင်းရှင်းပင်ဝတ်ဆင်ထားသော အကိုကတစ်မူထူးပြီးကြည့်ကောင်းနေသယောင်။

"အာ.. ဟိုတစ်နေ့ကlily of the valleyဝယ်သွားတဲ့အကို..."

"ကိုယ့်ကိုမှတ်မိနေတာလား။ ဟုတ်တယ် ကိုယ်အခုလည်းပန်းစည်းလာဝယ်တာ။ အကိုရှိတယ်မလား... သူကပန်းတွေအကြောင်းတွေသေချာသိတော့လေ"

ပန်းစည်းလာဝယ်ပါသည်ဆိုသောအကို့ကြောင့်ဘန်ဘန်ခေါင်းထဲအတွေးတွေရောက်လာတော့၏။ အကိုထယ်ယောင်းနဲ့အကိုတို့ပြောနေသည်ကို သူတစ်စွန်းတစ်စကြားလိုက်ပါသည်။ အကိုကသူ့ကောင်မလေးနဲ့သိပ်အဆင်ပြေပုံမရ။ အခုလည်းသူ့ကောင်မလေးအတွက်ပန်းစည်းဝယ်လာသည်လား...။
ကောင်မလေးအတွက်လားဟု မေးလုလုဖြစ်ပြီးမှအကိုနဲ့သူ့ရဲ့ဆက်ဆံရေးကိုသတိရမိသည်။ အကို့ကိုတွေ့ဖူးတာက အခုမှနှစ်ခေါက်ပဲရှိသေးသလို အခုမှပထမဆုံးစကားပြောဖူးခြင်း။ အဲလိုမျိုးမေးဖို့ မသင့်တော်တဲ့ဆက်ဆံရေးတစ်ခု။
ဘန်ဘန်အမေးစကားများကို အပြုံးတစ်ခုနှင့်သိမ်းလိုက်ရသည်။

"ဟုတ် အကိုtaehyungရှိပါတယ်။ ပန်းခန်းထဲမှာထင်တယ် ကျွန်တော်သွားခေါ်ပေးမယ်"

အကိုကခေါင်းညိတ်ပြသည်ကြောင့် သူ့မှာအကိုtaehyungကိုသွားပြောရသည်။
အကိုနဲ့အကိုtaehyungစကားပြောနေကြတော့လည်း အကို့ကိုသူခိုးကြည့်မိပါ၏။
ထူးထူးဆန်းဆန်းပင် အကို့အပြုအမူ၊လှုပ်ရှားမူတိုင်းကို သဘောကျနေမိသည်။
ဘဝတွင်ပထမဆုံးယောကျ်ားလေးတစ်ယောက်၏အပြုအမူ၊လှုပ်ရှားမူးတို့ကို အသေးစိတ်ကြည့်မိခြင်း။

"ဟုတ်တယ်အကို... မွေးနေ့လက်ဆောင်နဲ့အတူပန်းစည်းပါပေးချင်လို့။ အမေကကျွန်တော်ဘာလုပ်လုပ်အမြဲအနားမှာရှိနေပေးပြီး အားပေးစကားတွေပြောပေးခဲ့တာလေ။ ကျွန်တော်အမေ့ကို​အရမ်းချစ်သလိုအရမ်းလည်းကျေးဇူးတင်တယ်။ အဲလိုမျိုးအဓိပ္ပါယ်ရှိတဲ့ပန်းမျိုးရနိုင်မလားအကို"

Purple Dream [Complete] Where stories live. Discover now