ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....

1.4K 140 13
                                    

Unicode

ကားတွင်းမှပစ္စည်းများကိုထုတ်နေတုန်း သူ့အနားလာရပ်တဲ့ဂျွန်က လက်ထဲမှပစ္စည်းထုပ်တစ်ချို့ကိုဆွဲယူသွားခဲ့သည်။
ရုတ်တရက်မို့နောက်လှည့်ကြည့်လိုက်မိတော့ ဘာလဲဆိုသည့်သဘောဖြင့်ဂျွန်ကမေးပင့်ပြ၏။ ချွေးစအနည်းငယ်စိုချင်နေသောဂျွန်က ခန့်ညားဆွဲဆောင်မူရှိနေတုန်းပင်....။

"ရတယ်ဂျွန်  ငါနိုင်ပါတယ်"

"မင်းခန္ဒာကိုလည်းပြန်ကြည့်အုံး။ ဒါတွေကိုငါယူသွားလိုက်မယ်။ ကျန်တာတွေကိုမင်းသယ်ခဲ့တော့ယောင်း"

ဂျွန်ကပစ္စည်းတွေအကုန်လုံး၏သုံးပုံနှစ်ပုံလောက်အထိသယ်သွားခဲ့ပြီဖြစ်သည်။ ကုန်ခြောက်၊ကုန်စိမ်း၊ နောက်ထပ်စားစရာတွေနဲ့အတူအသီးတစ်ချို့ကိုလည်းများများဝယ်ခဲ့သည်ကြောင့်ပစ္စည်းတွေကများ၏။
ဒါတောင် သူဝယ်ခဲ့သောပန်းပင်တွေကညနေမှလာပို့မည်၍တော်သေးသည်။
ကျန်နေခဲ့သောအသီးတစ်ချို့ကိုယူကာ သူလည်းအိမ်ထဲဝင်လာခဲ့သည်။

ဒီနေ့အဒေါ်ကြီးလည်းမရောက်သည်ကြောင့် မီးဖိုးချောင်ထဲအထိ ဝယ်ယူလာသောပစ္စည်းတွေကိုကိုယ်တိုင်သေချာသိမ်းဆည်းရမည်ဖြစ်သည်။ အထုပ်များဆွဲကာမီးဖိုချောင်ထဲအရင်ဝင်သွားနှင့်သောဂျွန်က ထိုအထုပ်များကိုထားရန်နေရာမတွေ့ပဲတိုင်ပတ်နေသည်မှာ သူရောက်လာတဲ့အထိပင်။
အထုပ်များဆွဲထားရင်း ထားစရာနေရာရှာနေတဲ့ဂျွန်ပုံစံက အမြင်ဆန်းကာရယ်စရာတော့ကောင်းနေသည်။

"ဂျွန်... အထုပ်တွေကိုအဲစားပွဲပေါ်မှာပဲတင်ထားခဲ့လိုက်လေ။ လက်နာနေတော့မှာပဲ "

အထုပ်များကိုစားပွဲပေါ်သွားတင်ပြီးသွားတဲ့အခါ လက်ကိုအနည်းငယ်ခါလိုက်တဲ့ဂျွန်က လက်ညောင်းသွားဟန်။
ရေတစ်ခွက်ခပ်ယူပြီး ပင်ပန်းနေမည့်ဂျွန့်ကိုကမ်းပေးလိုက်သည်။

"ရေသောက်လိုက်အုံးဂျွန်... မင်းရေသွားချိုးတော့မှာလား "

"......"

jungkook taehyungကမ်းပေးတဲ့ရေခွက်ကိုအကုန်မော့သောက်ပစ်လိုက်သည်။
လူကအပြင်ကပြန်ရောက်ပြီးတည်းက တစ်ကယ်နွမ်းနေပြီမို့။ ရေသောက်လိုက်တော့လူကတော်တော်ကိုပင် နေလို့ကောင်းသွားသည်။

Purple Dream [Complete] Where stories live. Discover now