တစ်ရက်တာကမ်းခြေသို့

1.3K 145 18
                                    

Unicode

မနက်6:30လောက်ရှိနေပြီဖြစ်၍ အိမ်အပြင်ဝန်းကျင်မှာ အလင်းရောင်များထင်ထင်ရှားရှားရှိနေခဲ့ပြီဖြစ်သော်လည်း ဆောင်းရာသီ၏ သဘာဝအလျှောက် ပတ်ဝန်းကျင်က အုံမိူင်းလို့ရှိနေသေး၏။
အအေးဓာတ်မှာလည်း ညတုန်းကအတိုင်းမလျော့သေးသည်ကြောင့် စကားပြောလိုက်တိုင်းအာငွေ့တလူလူဖြင့် အနွေးထည်များကိုအထပ်ထပ်ဝတ်ထားရသည်။
Decemberလ၏ ကုန်ဆုံးခါနီးအချိန်သည်ကား အချမ်းပိုနေခဲ့ပြီ။
သို့ပေမဲ့ ကိုးရီးယာတွင်အခုထိနှင်းမကျသေးပါ။

Jiminနဲ့jungkookမှာ taehyungအမေပြင်ဆင်ပေးထားသော မနက်စာကော်ဖီပူနွေးနွေးနဲ့ မုန့်သုံးလေးမျိုးလောက်ကိုအေးအေး လူလူစားကာ အိမ်ပေါ်ပြန်ပြေးတက်သွားသောtaehyungကိုစောင့်နေရသည်။
ကော်ဖီနွေးနွေးများက အေးစိမ့်နေတဲ့ ရာသီဥတုနဲ့လိုက်ဖက်လွန်း၏။

Jungkookမှာ လည်ပင်းထိအပိတ်ပါသော အဖြူရောင်ဆွယ်တာကို အပေါ်မှအနက်ရောင်ကုတ်အကျီရှည်ဖြင့်ဝတ်ထားပြီး အဘောင်းဘီရှည်မှာလည်း အနက်ရောင်သာ။
Jiminမှာလည်း jungkookလိုဒဇိုင်းမျိုးပင်ဖြစ်၏။
အနက်ရောင်ဆွယ်တာလည်ပိတ်အကျီကို အညိုရောင်ကုတ်ရှည်ဖြင့်တွဲဝတ်ထားပြီး အနက်ရောင်ဘောင်းဘီရှည်ကိုတွဲဝတ်ထားသည်။
နှစ်ယောက်လုံးကကိုယ့်ပုံစံနဲ့ကိုယ်ခန့်ညားဆွဲဆောင်မူရှိလွန်းနေခဲ့သည်။

taehyungက သူတို့ကိုအစောကြီးလာခဲ့ဖို့ပြောသည်ကြောင့် နှစ်ယောက်လုံးအစောကြီးရောက်လာခဲ့ရသည်ပင်။
Dec birthday boyလေး၏စကားကို ဘယ်သူမှမငြိုပဲလက်ခံပေးကြ၏။
သူတို့ရောက်လာတော့ ကိုယ်တော်ချောလေးကထူးထူးဆန်းဆန်းအစောကြီးနိုးနေခဲ့သည်။
သုံးယောက်သားမနက်စာအတူစားနေကြပြီးမှ ယူစရာရှိသေးတယ်ဆိုကာ အပေါ်ကိုပြန်တက်သွားခြင်းပင်။

ဒီနေ့ကDec 30 taehyungမွေးနေ့ဖြစ်တာကြောင့် ပြောထားကြသည့်အတိုင်းtaehyungက ကမ်းခြေသို့သွားဖို့ရွေးသည်။ မွေးနေ့မှာကမ်းခြေသွားဖို့ကိုလည်းမိဘတွေက လက်ခံပေးကြ၏။ မွေးနေ့ရှင်ကောင်လေးကတော့ ပျော်ကာမြူးကြွနေ​တာကြောင့် အပြုံးလေးတွေကမျက်နှာနှာနုနုမှာလှပစွာ ခိုတွဲလို့နေသည်။
ထူးဆန်းသည်ကကမ်းခြေသို့ သွားမည်က တစ်ရက်တာခရီးဆို၍ပင်။
ထိုမျှသာ သိရပြီးသေချာတဲ့အစီအစဉ်တွေကိုအခုထိမသိရသေး။

Purple Dream [Complete] Where stories live. Discover now