Unicode
ခမ်းနားကြီးကျယ်လွန်းတဲ့ စံအိမ်ကြီး ဝန်းကျင်တစ်လျှောက် အိမ်အစေခံများ အလုပ်ကိုယ်စီဖြင့် ပြေးလွှားနေကြရတယ်။အိမ်တော်၏ ဒုတိယ ထပ်မြောက်၌ မီးဖွားနေသည့်အမျိုးသမီးငယ်တစ်ဦးနှင့် သူနာပြုတစ်ဦး ရှိလေသည်။အခန်းအပြင်ဘက်၌ ယောက်ျားသားတစ်ဦးသည် ခေါက်လွဲခေါက်ပြန် နှင့် အခန်းရှေ့၌ ဘယ်ညာပြန်လျှောက်လျှက် ရှိနေသည်။
အမေဖြစ်သူသည် ကြီးကျယ်ခမ်းနားသည့် အခန်းထဲ၌ ရေနွေးကြမ်းသောက်ကာ မြေးမလေးမွေးဖွားဖို့သာ ဆုတောင်းနေသည်။သူမတို့စံအိမ်ကြီးသည် နောင်နှစ်ပေါင်းများစထိ တည်တံ့နေစေရမည်။စံအိမ်ကြီးအားဖျက်ဆီးမည့်တစ်စုံတစ်ယောက်ကိုမှလည်း သူမအရှင်ထားမည်မဟုတ် နက္ခတ်တာရာ တို့နှင့် ဘိုးစဥ်ဘောင်ဆက် ကိုးကွယ်ခဲ့ရသည့် ဗေဒင်ဆရာမကြီးသည်လည်း ဤအိမ်၌ သမီးရတနာလေးဖွားမြင်မည်ဟု မှတ်ချက်ချပေးထားခဲ့တယ်
"အူဝဲ.......အူဝဲ"
ဝမ်းအတွင်း ညှစ်အား ပြင်းစွာ အခါခါ ညှစ်ထုတ်ယူထားသည့် သူမရင်သွေးလေးသည် အသက်ရှင်စွာ လူ့လောကကြီးသို့ ထွက်ရှိလာခဲ့ပြီ။
"မိန်းကလေးလား ရှင့် ဆရာမ"
ကလေးဖွားမြင်ပြီးစ မိခင်တိုင်းထံမှ ခြေလက်အင်္ဂါ စုံပါရဲ့လားဆိုသည့် အမေးစကားမဟုတ်ဘဲ ဖိုမ အခွဲစကားကြောင့် တစ်မျိုးဖြစ်နေပေလိမ့်မည်။သို့ပေမဲ့ သူမသည် မိန်းကလေးဖြစ်ဖို့ကို လောမိလျှက်။
"ယောက်ျားလေးပါ ရှင့်"
"ဟင်.......ဟင့်အင်း မဖြစ်ဘူး မဖြစ်ဘူး ကျွန်မ သမီးလေးဖြစ်စေချင်တာ မဟုတ်ရင် သူတို့သူတို့ သတ်ပြစ်ကြလိမ့်မည် အဟင့် ဆရာမလေး ဆရာမလေးရှင့် သားလေးကိုပေးပါ "
"မနန္ဒာရယ် မငိုပါနဲ့ သွေးနုသားနုချိန်ကြီးကို "
"တစ်ခုလောက် တောင်းဆိုပါရစေ ......."
^^
နံနက်မိုးလင်းခါကစလို့ နန္ဒာသည် ကလေးငယ်အားပွေ့ချီပြီး သူမမိခင်ထံသို့ ပြန်ရန်တောင်းဆိုလာသည်။ယောက္ခမဖြစ်သူသည် သူမလိုချင်သည့် မြေးရတနာလေးကိုမွေးပေးထားသည်မို့ ချွေးမအလိုကျခွင့်ပြုပေးခဲ့သည်။

ESTÁS LEYENDO
I am not girl(Complete)
No FicciónI am not girl (Own Creation Mm )(Mpreg) Author by Period-K Main Lead Couple Kaungkin Htet Yan + Saint Bhone Myat Start date - 13 March 2022 End date-24 Feb 2022 Main Chapter ended-50 parts Extra Chapter -