Side Story(Moe Htet Yan+Shine Yewai - 1)

2.6K 145 12
                                    

Marriage Life

ကိုမိုးနှင့်သူအကြီးအကျယ်လက်ထပ်ပွဲမျိုးမဆင်နွဲခဲ့ကြပေမဲ့စာချုပ်စာတမ်းတစ်ခုကိုတော့ ကိုမိုးကစီစဥ်ပေးခဲ့ပါသည်။ ရှိုင်းလေး အနေနဲ့လည်း ကိုမိုးနဲ့အတူအခုလိုတိုက်ခန်းအကြီးကြီးထဲမှာနေရတာကိုက အတော်လေးပြည့်စုံနေခဲ့ပါသည်။ကိုမိုးအခုတလောမျက်နှာမကောင်းဘဲ အိမ်ပြန်လာချိန်တိုင်းနောက်ကျတတ်သည်။သူ့ရဲ့ညီကိစ္စတွေကြောင့်ဆိုတာ ရှိုင်းသိပါသည်။ ကိုမိုးမပြန်လာမချင်း ထမင်းစားဖို့စောင့်နေခဲ့တာပထမဆုံးမဟုတ်တာကြောင့်ဒီနေ့သည်လည်းသာမန်နေ့ရက်ပါပဲ

"ကိုမိုး ထမင်းအရင်စားမလား ရေရင်အရင်ချိုးချင်လားဟင်"

"အင်း....ရေပဲချိုးတော့မယ် အာလူး ကိုယ်ပင်ပန်းလာလို့ ထမင်းစားချင်စိတ်မရှိဘူး"

ကိုမိုးရဲ့အိတ်ကလေးကိုလက်လွှဲယူပြီးကိုမိုးနဲ့အတူအခန်းထဲလိုက်ဝင်သည်။အိတ်ကိုနေရာတကျထားပြီးအင်္ကျီချွတ်တာကိုကူပေးလိုက်သည်။ကြယ်သီတွေတစ်လုံးချင်းဖြုတ်ရင်း အပေါ်ရှပ်ကိုဖြုတ်ပေးကာ အင်္ကျီတွေအားအဝတ်ခြင်းထဲထည့်လိုက်သည်။တဘက်ယူပေးပြီး ကိုမိုးကိုကျောခိုင်းပေးလိုက်သည်။ ကိုမိုးကဘောင်းဘီပါချွတ်ကာ တဘက်ပတ်ပြီး ရေချိုးခန်းထဲဝင်သွားပါတော့သည်။ရှိုင်း သူ့ရဲ့ဘောင်းဘီယူကာအဝတ်ခြင်းထဲမထည့်ခင် အတွင်ခံနဲ့ဘောင်းဘီကိုအရင်ခွဲထုတ်ပြီးမှထည့်လိုက်ပါသည်။ကိုမိုးရေချိုးပြီးလျှင်ဝတ်ဖို့အဝတ်တွေထုတ်ပေးပြီး ပြန်ထွက်လာလျှင် ခေါင်းသုတ်ကူပေသည်။အဝတ်ဝတ်ကအစ ကူညီပေးပြီး ကိုမိုးဘာခိုင်းမလဲ ဘာပြောမလဲ အသေးစိတ်ကအစ မှတ်ယူ၏။

နာခံပြီး တိတ်ဆိတ်သည် အရိပ်အကဲကြည့်တတ်ပြီး အမြဲဘာလုပ်ပေးရမလဲ ဘာကိုင်ပေးရမလဲတွေးတောနေတတ်သည်။ မိုးထက်အနေနဲ့ အာလူးကို လက်ထပ်ယူလိုက်တာမမှားတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ယူဆခဲ့လေ၏။

"ကိုယ်အိပ်တော့ အာလူး မီးပိတ်ပေး"

"ဟုတ်ကိုမိုး "

အခန်းမီးပိတ်လိုက်တဲ့အခါ မာကျူရီမီးလင်းအိမ်လေးကချက်ချင်းလင်းလာ၏။ထို့နောက်တံခါးအသာပိတ်ရင်း မီးဖိုခန်းဆီသို့သွားကာ ဟင်းတွေသွန် ထမင်းတွေသွန်ရင်းဆေးကြောပြီးနောက် အခန်းထဲသို့နောက်တစ်ကြိမ်ပြန်ဝင်ကာ ကိုမိုးအနားအိပ်စက်ခဲ့၏။
အိပ်မက်ထဲမှာတော့ ကိုမိုးကသူ့ကိုပွေ့ဖက်ပေးထားတယ်တဲ့လေ

I am not girl(Complete)Where stories live. Discover now