Chapter 40

7.1K 394 32
                                    

"ဖေ?"

"အင့်...!"

"Daddy ကိုငိုစေတာ ဖေပဲရှိတာ သားကိုချီပေးခဲ့တဲ့ ကိုကိုက ဖေဖေ "

"သားရာ.....Daddy တောင်းပန်ပါတယ်"

"သားကိုချီပေးတယ်။ သားငိုနေတော့အကြာကြီးဖက်ပေးထားတယ် ...."

ရောင်လေးရော ကောင်းကင်ရောက အပူတကြီးငိုနေကြလေသည်။မိုးထက် တို့ရင်ထဲလည်းမကောင်း။အခြေအနေတွေ အကြောင်းတရားတွေအများကြီးဟာ သင့်လျှော်မှန်ကန်စွာဖြစ်တည်နေကြတာဖြစ်သည်။သားမွေးပြီးလျှင် ထွက်သွားခွင့်ပေးမယ်ဆိုတာဟာ ကတိစကားတင်မက စာချုပ်တစ်ခုပေါ်မှာလည်း တရားဝင်တည်ရှိနေတဲ့ ခွင့်ပြုချက်တစ်ခုဖြစ်သည်။စည်းတွေဘောင်တွေကို အလွယ်တကူကျော်ဖြတ်နိုင်တဲ့အခြေအနေမဟုတ်ဘူးဆို တာ မိုးထက်သိသလို ကောင်းကင်ကလည်း ကောင်းကောင်းကြီးသိသည်။စိတ်ရဲ့စေရာလိုက်နေလျှင် အမှားတွေသာဖြစ်လိမ့်မယ်။

"အစ်ကို သူ့ကိုဘာလို့ဆွဲမထားတာလဲ "

"ကိုယ်ဆွဲထားလို့ရတဲ့အခြေအနေမဟုတ်ဘူး ကောင်းကင် သူကလွတ်လပ်သွားတဲ့ငှက်ကလေးပီပီ သူစိတ်ကြိုက်နေရာဒေသကိုပျံသန်းသွားနိုင်တယ် ကိုယ်တို ကသူ့ကိုမပိုင်တော့ဘူးလေ "

"ကျွန်တော်ပိုင်ချင်တယ် စိမ့်ငယ်ကိုပိုင်ဆိုင်ချင်သေးတယ် "

"Daddy..."

သားဟာသူ့ရင်ခွင်ထဲဝင်ကာပုန်းကွယ်နေတော့သည်။ကိုယ်သေးသေးလေးဟာ သူ့ရင်ခွင်ထဲပျောက်လို့ရယ် ငိုရှိုက်သံလေးရဲ့အဆုံးမှာ အသက်ရှူမှန်မှန်အိပ်စက်သွားလေတော့သည်။

.........

7.4.2027

"ကိုယ့်ကားနဲ့ကိုယ်သွားမယ်လေ ခင်ဗျားကလည်း"

"မသွားပါဘူး ကောင်းကင်တို့နဲ့အတူသွားမှာလူချိန်းပြီးကားမောင်းလို့လဲရတယ် ရောင်လေးလည်းပါတော့ပျော်စရာကောင်းတယ်လေ မောင်ကလည်း"

"...."

"ဆူပုတ်မနေနဲ့ မင်းကားနဲ့မင်းဘာသာမင်းပဲသွား ငါကောင်းကင်တို့နဲ့လိုက်သွားမှာ"

"ဟာဗျာ မောင့်ကို တစ်ယောက်တည်းထားခဲ့မို့လား"

"မင်းကိုဘယ်သူကတစ်ယောက်တည်းထားနေလို့လဲ ကောင်းကင်တို့နဲ့တူတူသွားပါမယ်ဆိုတဲ့ဟာကို"

I am not girl(Complete)Where stories live. Discover now