Chapter 2

11K 642 8
                                    

Unicode

သူအခန်းထဲဝင်ရောက်လာသည်နှင့် အားလုံးက ငြိမ်သက်ကုန်သည်။ကြည့်ရတာ ထိုလူရဲ့ အရှိန်အဝါကြောင့်ပဲလားတော့မသိ။တစ််ခုံကျော်လောက်မှာ ဝင်ထိုင်ပြီး သူနေရာတကျဖြစ်တော့မှ မမပန်းနုလည်း ဘေးကခုံမှာ ပြန်သွားထိုင်သည်။ မမပန်းနုက လိုအပ်တာရှိရင်သူ့ကို ပြောပါတဖွဖွ ပြောပြီးတော့ပေါ့

"ကောင်းကင် ဒီနေ့စောလှချည့်လား"

"စကားလာမများနဲ့ ဟိုတစ်ယောက်က ဘယ်သူလဲ"

စိမ့်စာအုပ်လေးထုတ်နေရင်း မမပန်းနုနဲ့ သူနဲ့ပြောစကားကိုကြားလိုက်ရတော့ နည်းနည်း တုန်သွားမိသည်။ယောက်ျားလေးတွေနဲ့ ပတ်သတ်ဖူးတာဆိုလို့ ကိုကို နှင့်ပဲရှိတာ ယောက်ျားလေးအချင်းချင်း ရိပ်စားမိမှာစိုးတာကြောင့် သူဝေးဝေးကရှောင်နေကျ အခုကောင်းကင်ထက်ယံဆိုသည့် လူနှင့် မပတ်သက်ချင်ပါ လုံးဝ ပဲ

"သူ့နာမည်ကစိမ့်ဝတီတဲ့ နင်လွှတ်ထားစမ်းပါ အဲ့တာ ငါ့ညီမ အလှလေး "

"ဟက်..... လျှာရှည်တယ် နင်က"

သူဝတ်လာသည့် Hoodie အဝါလေးမှ ခေါင်းစွပ်ကို ပြန်အုပ်ချပြီး ခုံပေါ်မှောက်အိပ်လိုက်လေသည်။ စိမ့်ဝတီ တဲ့လား နာမည်လေးကတစ်မျိုးပဲ ပေါ်နေသည့် ခါးသေးသေးလေးက တကယ်ကိုဆွဲဆောင်မှုရှိနေတာ ကောင်းကင် လက်ကလွတ်မယ်မထင်မိဘူး

အတန်းထဲ ဆရာမဝင်လာတော့ language နှင့်ဆိုင်သည့် သင်ခန်းစာတွေ ပို့ချပေးပြီး အတန်းက ပြီးသွားပြန်သည်။ပစ္စည်းတွေသိမ်းပြီး အသစ်ရောက်လာသည့် သူကိုစိတ်ဝင်တစားကြည့်နေမိသည်။ ဆံပင်ရှည်ရှည်တွေကိုစုစည်းထားပြီး ကျော့ရှင်းနေသည့်အလှကိုပုံဖော်ထားတာ ပြင်ထားသည့် Make up နှင့် အဝတ်အစားအရောင် ဒီဇိုင်းက အစ ရိုးရိုး တော့မဟုတ်ဘူး

အတန်းထဲက ထွက်တော့ ပန်းနုနဲ့ အတူထွက်သွားကြသည်။သူလည်း အနောက်ကလိုက်လာရင်း

"မမ ပန်းနု စိမ့် က နောက်သင်တန်းတစ်ခုသွားရအုံးမှာမို့ သွားနှင့်ပြီနော် "

"အင် ဝတီလေး ဒါနဲ့ မမကို ဖုန်းနံပါတ်လေးပေးခဲ့အုံး"

မမမြတ်နိုးက စိမ့်ထွက်လာသည်နှင့်ဘေးမှာ လာရပ်နေတာဖြစ်သည်။မမပန်းနုတောင်းသည့်ဖုန်းနံပါတ်ကိုလည်း မမမြတ်နိုးက ကဒ်လေးထုတ်ပေးကာ သူ့လက်ကိုဆွဲပြီးခေါ်လာသည်။

I am not girl(Complete)Where stories live. Discover now