Chapter 22

6.2K 381 9
                                    

တနင်္လာနေ့ *

Fresher welcome day*

Hall ခန်းတစ်ခုလုံးမှာ ကျောင်းသားတွေ ပြည့်နေတာပဲ အေးနေခဲ့ Aircon ကြောင့် ပေါင်တိုစကပ်လေးပေါ် လက်လေးနဲ့ပွတ်သပ်လိုက်မိတယ် ဘေးနားမှာ ရှိနေတဲ့ အတန်းဖော်မိန်းကလေးတွေကတော့ စင်ပေါ်က သီဆိုနေသူကို စိုက်ကြည့်ပြီး တစ်ခဲနက်အားပေးနေကြတာ ဆူညံ လျှက်

"အကြိမ်ကြိမ် ရင်ခုန်မိသောမင်းမျက်ဝန်း

အာရုံမှာ ငြိတဲ့မျက်ဝန်း

မင်းရဲ့ အကြည့်မှာမျှောနေခဲ့

မင်းရဲ့ ......မင်းရဲ့ အချစ်မျက်ဝန်း......."

ဆိုနေသူက ဟိန်းဇက်ပင်ဖြစ်သည်။ ဟိန်းဇက်က စင်ပေါ်မှာ L လွန်းဝါ ရဲ့ အချစ်မျက်ဝန်းသီချင်းကို နက်နက်ရှိုင်းရှိုင်းဆိုနေတာဖြစ်သည်။ ပထမနှစ် Role တန်းကိုကြည့်နေပြီးတစ်စုံတစ်ယောက်ရဲ့ မျက်ဝန်းတွေကို ဆိုလိုနေသယောင်ရှိသည်။

"ကျိန်စာလား ရပ်မသွားတဲ့

ခံစားချက်ပေါင်းများ စွာနဲ့....

စူးရှတဲ့မျက်ဝန်းတစ်စုံ မင်းချန်ခဲ့"

ဟိန်းဇက် နှုတ်ခမ်းတွေကတေးသံများဟာ လမင်း အတွက် ရည်ညွှန်းနေသလိုခံစားရသည်။သူတို့နှစ်ယောက်အကြည့်ချင်းဆုံနေမိတာ သံစဥ်တွေ စတင်တီးခတ်နေကတည်းက ဟိန်းဇက်က သူ့အပေါ်ကို အချစ်ရည်ရွန်းလဲ့တဲ့မျက်လုံးတွေနဲ့ အပြည့်အဝပုံဖော်နေခဲ့သည်။သူ့ရင်ထဲက နှလုံးသားတစ်စုံကလည်း ကူကယ်ရာမဲ့စွာ လှုပ်ခတ်လာတော့သည်။

" ကိုယ်မပိုင်တဲ့ မျက်ဝန်းအတွက်...

ကြိတ်ပြီးရူးခဲ့ရပေမဲ့....

နှုတ်ဆက်မဲ့ ဒီနှုတ်ခမ်းတွေ တွေးပူးနေ

ဟန်မဆောင်တဲ့ အချစ်တွေနဲ့..........ရင်ထဲက‌ေစာင့်မျှော်ခဲ့.....

ဖွင့်မပြောခဲ့ချင်ပေမဲ့....

သေချာတဲ့အချစ်တွေနဲ့....ပစ်သွားမလားစိုးရိမ်ခဲ့

မျက်ဝန်းနဲ့ပြောနေမိခဲ့.......

အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း....
အာရုံမှာငြိတဲ့မျက်ဝန်း

I am not girl(Complete)Where stories live. Discover now