Chapter 18

6.7K 436 17
                                    

The Moon ဆိုတဲ့ Company က US မှာ အခြေစိုက် ပြီး V Brand နဲ့ အပြိုင် လိုက်နေသည့် Company ဖြစ်သည်။Fashion ပိုင်းမှာ V Brand နဲ့တန်းတူလိုက်လာနိုင်တာဖြစ်သည်။Hotel ပိုင်းက The Unique ပြီးရင် Fashion ပိုင်းက The Moon နဲ့ V Brand ကဦးဆောင်နေတာဖြစ်သည်။ V Brand က တစ်ဦးတည်းသောသားဟာ အာကာထက်ဖြစ်ပြီး အာကာထက်က ကောင်းကင် ထက် ငါးနှစ်ကြီးသလို ကျောင်းပြီးပြီမို့ သူကလုပ်ငန်းပိုင်းကို ပိုပြီး ဦးစားပေးလုပ်နေတာ ၊ The Moon ကိုတော့ လက်ရှိ မှာ ဦးနက္ခတ် ကသာ ဦးစီးနေတာဖြစ်ပြီး တစ်ချိန်ကျရင် ဝိုင်းလမင်းမောင်ကိုသာ လက်ဆင့်ကမ်းပေးရမှာ ဖြစ်သည်။အာကာထက် အမြဲ မြန်မာပြည်က The unique ကိုကျော်ဖို့ကြိုးစားနေတာ ဖြစ်ပြီး Top 1 နေရာအတွက် ရေကုန်ခမ်းကုန်ကြိုးစားနေတာ တစ်ဆင့်တစ်ဆင့် နဲ့ ဘိုးဘေးစဥ်ဆက်ကတည်းက The Unique က ထိပ်တန်းနေရာက မဆင်းဘဲ ကောင်းကင်ထက်ယံ လက်ထက်မှာ ပိုပြီး အာဏာစက် က လွင့်လာသည်။

အမြဲတမ်း ယှဥ်ခံနေရသူ အာကာထက်။ ဒီ ဆယ်ကျော်သက်ကောင်လေးနဲ့ အမြဲယှဥ်ခံနေရတာ ဘယ်သူ့လက်ထက်မှာမှမကျော်နိုင်ခဲ့ဘဲ အာကာ့ အလှည့်ကျမှ သိပ်ကို ကျော်တတ်ချင်နေကြတာ

အာကာထက် ဒီနေ့ မြန်မာ ပြည်ကို ပြန်လာခဲ့တာဖြစ်သည်။ ဆယ်နှစ်နီးပါး မရာက်ဖြစ်တဲ့ ဒီနိုင်ငံ မှာ အခြေစိုက်ပြီး လုံးပန်းမှုတွေနဲ့ပဲ စတင်ရအုံးမှာ နည်းနည်း ခက်ခဲမယ် ဆိုပေမဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်ကို သူအများကြီးတော့ အထင်မကြီးမိသေးဘူး

"အာကာထက် ရဲ့ အချက်အလက်တွေပဲ Boss "

ထက်ယံ ကောင်းကင်ကို အချက်အလက်တွေပေးလိုက်ပြီးကောင်းကင်ဘေးနားသာ မတ်တပ်ရပ်နေသည်။ရာဇာကတစ်ဖက်တစ်ချက်မှာ ဆိုပေမဲ့ ဝင်သမျှ ဖုန်းတွေကို သူပဲဖြေရှင်းနေတာဖြစ်သည်။

"သခင်လေး မီဒီယာ တစ်ချို့က စီးပွားရေး အကြောင်း အင်တာဗျူး ချင်လို့ပါတဲ့"

"ဘယ် မီဒီယာကလဲ"

"နော်မာန် မီဒီယာကပါ"

ကောင်းကင်လည်း နော်မာန် အကြောင်း သိသင့်သလောက်သိထားသည်။ ဒီမီဒီယာ ကြောင့် အနုပညာရှင်တွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ပါ ပျက်စီးရာ ပျက်စီးကြောင်းဖြစ်ခဲ့ပြီးကြပြီ။Stalk တဲ့နေရာမှာ ရော ပုံတွေခိုးရိုက် ပြီး ဂျာနယ် စာအုပ်ထုတ်ပစ် ပြီးရောင်းစားနေတာ တော်တော်များများ ဒီသတင်းတိုက်ကို ကြောက်ကြရတာ။ အခု လတွေအတွင်း ကောင်းကင်ကို ထိုသတင်းတိုက်က မျက်စိကျသွားပုံပဲ

I am not girl(Complete)Where stories live. Discover now