Chapter 10

8.4K 539 16
                                    

"သေတော့မယ် မင်းကတော့"

"လွှတ်ပေး လွှတ်ပေးလို့ ဟင့်! ငါအိမ်ပြန်ချင်တာ အိမ်ပဲ ပြန်ချင်တာလို့ "

စိမ့် အော်ငိုနေလို့လည်း မထူး ကောင််ကင်ထက်ယံ ဆိုတဲ့ ကောင်က သူ့ကို ဆို အမြဲအနိုင်ကျင့်ဖို့ပဲသိတာ။ဗိုက်ထဲ အောင့်တတ်လာသည့် ခံစားချက်ကြောင့် စိမ့်အငိုရပ်သွားမိသည်။စူးအောင့်လာသည့် ဒဏ်က အသက်ရှူ ရပ်မတတ်ပင်

"အာ့!!!"

"ဘာဖြစ်တာလဲ စိမ့်ဝတီ"

"အာ့ ! နာတယ် "

"မင်း မင်း ဟန်ဆောင်မနေနဲ့ "

"နာတယ် အင့်! ဗိုက်ထဲကနာတယ် အာ့! မေမေ မေမေ့ ကယ်ပါအုံး အင့် "

"ကိုရာဇာ ကားကို မြန်မြန်မောင်း ကွန်ဒိုကို မြန်မြန်မောင် စိမ့်ဝတီ အရမ်းနာနေတာလား"

Menstruation ဖြစ်နေတာမို့ Period အတွင်း ဗိုက်အောင့် နေခြင်းဖြစ်သည်။မေမေဆေးတိုက်ထားပေမဲ့ သူအရမ်းလှုပ်ရှားလိုက်လို့များလားကားအဲကွန်းက အရမ်းအေးနေတာကြောင့် လားမသိ ရေနွေးအိတ်ကပ်ရသည် ဆိုတဲ့ အကြောင်း မေမေ ပြော ပြထားသည်မို့ သူကောင်းကာင်ထက်ယံကိုပြောပြချင်သည်။

သူအိမ်ပြန်ချင်ပါသည်။မေမေ့ရင်ခွင်ထဲမှာ နေပြီး မေမေ ပြုစုယုယမှုကိုလိုချင်ပါသည်ဆိုတဲ့အကြောင်း ကိုပေါ့

ကောင်းကင်က သူ့ကိုပွေ့ပြီး ကားပေါ်ကပြေးဆင်းလာသည်။သူဒီလောက်အိမ်ပြန်ချင်နေတာကို ပြန်မပို့ ပေးဘူး

...

အခန်းထဲကိုရောက်လာတော့ ကုတင်ပေါ်ချပေးပြီး တပြိုင်နက် ဆရာဝန်ပါရောက်လာပြီဖြစ်သည်။လမ်းမှာကတည်းက ကိုရာဇာခေါ်လိုက်ပုံပင် ဗိုက်အောင့်တာနဲ့ပတ်သက်ပြီး မေးပြီးသည်နှင့် ဆရာဝန်က ရေနွေးအိတ်ကပ်ဖို့ ပြောသည်။ဆေးသောက်ပြီးသည်အထိ မသက်သာသေးပေမဲ့ ယောက်ယက်ခတ်နေသည့် လူကြောင့် စိမ့်မျက်လုံးကလေးသာ
မှိတ်ထား လိုက်သည်။ ဗိုက်ကို လာထိသည့် လက်တစ်စုံကြောင့် ကောင်းကင်ထက်ယံကို သူပြူးပြဲ ကြည့်မိသည်။

"ဘာ ....ဘာ လုပ်တာလဲ"

"ကိုယ်ရေနွေး အိတ်ကပ်ပေးမယ် စိမ့်ဝတီ ဗိုက်အောင့် သက်သာအောင်လို့ မစိုးရိမ်နဲ့နော်"

I am not girl(Complete)Where stories live. Discover now