Chapter 14

7.6K 512 13
                                    

"ဘာလာလုပ်တာလဲ"

"ကိုယ်တို့ အပြင်လျှောက်လည်ကြရအောင် စိမ့်ဝတီ"

"စိတ်မပါဘူး ပြီးတော့ ငါပင်ပန်းနေတယ်"

"ဘာလို့လဲ ကိုယ်နဲ့ အပြင်မသွားချင်တာလား စိမ့်ငယ်"

"အဲ့လို မခေါ်နဲ့ မကြိုက်ဘူး"

"ဘာလို့လဲ ကိုယ် ဝတီဆိုပြီး သူများတွေ ခေါ်တာလိုက်မခေါ်ချင်ဘူး ဘာလို့လဲဆို ကိုယ်က မင်းအတွက် အရာရာ အတွက် ပထမဦးဆုံးသူ ဖြစ်ချင်တယ် စိမ့်ငယ်"

"မင်းဘာတွေ ဇယား လာရှုပ်နေတာလဲ"

"မန္တလာသူလေးကလည်း ကွာ အရမ်းစိတ်ဆက်တာပဲ"

ဧည့်ခန်းထဲမှာ ကောင်းကင် နဲ့ စိမ့်သာရှိကြသည်။ကောင်းကင်က စိမ့်ဝတီ အနား တိုးကပ်ပြီး လက်ကို ဖမ်းဆုပ်လိုက်တော့ စိမ့်အလိုလို ရုန်းထွက်ပစ်လိုက်သည်။နားရက်မှာ တောင်ဘာလို့များလာနှောက်ယှက်နေရတာလဲ ။

"ကောင်းကင်ထက်ယံ မင်းဒီလို အတင်း အကြပ်တွေ လုပ်လွန်းလို့ ငါမင်းကို မုန်းတာ သိလား "

အတင်းရုန်းထွက်ပြီးစိမ့် အခန်းထဲကို ပြန်လာခဲ့သည်။ပင်ပန်းသည် စိမ့်သူနဲ့မျက်နှာချင်းဆိုင်မိတိုင်း သိပ်ကိုပင်ပန်းသည်။

.....

The Unique ရဲ့ uniform သည် ကာကီရောင် စကပ်တိုလေးဖြစ်သည်။ခြေအိတ် ရှူးဖိနပ်နှင့် ကော်လံ စပို့ရှုပ် တို့နှင့်ပင် ကော်လံက ကာကီနှင့် အဖြူစင်းတို့စပ်ထားသည်။နိုင်ငံခြားစတိုင်ပုံစံဖြစ်ပြီး ငွေကြေးချမ်းသာသော။Unique ရဲ့ ရှယ်ရာရှင် များရဲ့ သားသမီးများသာ တတ်ရောက်နိုင်သော Private uni ဖြစ်သည်။ကျောင်းက RK တွေများပြီး ပျက်စီးနေတဲ့ လူတွေသိပ်ကိုများသည်။စိမ့်ပထမဆုံး ကျောင်းတတ်ရက်မှာ နေဝါဆိုတဲ့ သူနဲ့ တွေ့ရပြန်သည်။သူက စိမ့်ထက် နှစ်နှစ်ကြီး စီနီယာအမပင်ဖြစ်သည်။

"အိုး Perth ရဲ့ သတို့သမီးလောင်းလေးက ကျောင်းပြောင်းလာပြီပဲ ထင်တော့ ထင်ပါတယ်လေ ခြူစားတတ်တဲ့ အခြေခံ မိသားစုကလူတွေ ရောက်လာတော့မယ်ဆိုတာ"

"ဦးဘုန်းမြင်းမိုရ်က အခြေခံမိသားစုကလူဟုတ်ဘူးနဲ့ တူတယ်နော် အငြင်းခံမမ"

I am not girl(Complete)Where stories live. Discover now