Chapter 42

6.6K 370 14
                                    

"ကိုကို.....ဒီတစ်ခါ ကိုကို့ ကိုယ်ကလေ ပိုနွေးတယ်"

"...."

"ကိုကိုဘာလို့ မေမမေတို့အပေါ်ရက်စက်နိုင်ရတာလဲဟင် ကိုကိုသတ်ပစ်ခဲ့တဲ့သူတွေက စိမ့်ရဲ့မိဘတွေလေ ကိုကိုရဲ့ ဒါတောင် တစ်ခါတစ်လေကိုကို့ကို လွမ်မိနေတဲ့ စိမ့်က တော်တော်လေးတရားလွန်တယ်မဟုတ်လား"

"....."

"ကိုကိုသာ မရက်စက်ခဲ့ရင်လေ သာလေးနဲ့ အတူတူနေခဲ့မှာကျွန်တော်ဆုံးဖြတ်ချက်ချနိုင်ပြီးမှ ကိုကိုမို့လုပ်ရက်တယ်"

"...."

"ကျွန်တော် ကိုကိုနဲ့ တူတူ‌ေနချင်ခဲ့တာပါ သားလေးကိုအတူပြုစုပျိုးထောင်ပေးချင်ခဲ့တာ ဟင့်...."

ကောင်းကင်နေရာအနှံ့လိုက်ရှာနေတာ ည ၁၀ နာရီဝန်းကျင်အထိရှာလို့မတွေ့ပေ။သူမရှာရသေးသည့်နေရာဆိုလို့ အုန်းတောကြီးပဲကျန်တော့၏။ တရှုံ့ရှုံ့ငိုသံကြားရတဲ့အချိန် ကောင်းကင်အရဲစွန့်ကာ ဝင်ရှာဖွေမိသည်။ဖုန်းမီးနဲ့ ထိုးမိတဲ့ ပုံရိပ်ကလေး ကျုံ့ကျုံ့ကလေးထိုင်ကာ ငိုနေသည့်စိမ့်ငယ်ဖြစ်နေသည်။ကောင်းကင် သူ့အနားတိုးကပ်သွားတော့ ထိုကောင်လေးအား သူ့အားပွေ့ဖက်ကာ အိပ်မက်ယောင်နေ၏။

စိမ့်ငယ်စကားတွေကြားရတော့ သူ့ရင်ထဲပြောမပြတတ်အောင် ပေါ်ထွက်လာသည့်ဒေါသတွေ၊နောင်တာတွေ အတားအစီးမရှိ အဟန့်အတားမရှိ

"စိမ့်ငယ်...."

"ကိုကို နွေးတယ် ....ကိုကိုက နွေးတယ်"

"ကိုယ်တောင်းပန်ပါတယ်ကွာ..."

ကောင်းကင် စိမ့်ငယ်အားပွေ့ချီကာ တည်းခိုခန်းထိ လမ်းလျှောက်ပြန်လာခဲ့သည်။မမြတ်နိုးကိုအသိပေးပြီးဆရာဝန်ခေါ်ခိုင်းလိုက်သည်။အခန်းထဲအား စိမ့်ငယ်ကိုခေါ်လာပြီး ခုတင်ပေါ်တင်ပေးကာ အပေါ်က စောင်ဖိခြုံပေးရင်းထားထားတော့ သားက စိမ့်ဘေးနား၌ ငြိမ်ငြိမ်ကလေးထိုင်နေ၏။

"ဖေ နေကောင်းဘူးလား Daddy"

"အင်း ဖေဖေ ပင်ပန်းနေတယ်ထင် သားငြိမ်ငြိမ်လေးနေနော် ဦးဦးဒေါက်တာကြီး ခဏနေရင်လာတော့မှာ"

I am not girl(Complete)Where stories live. Discover now