Chapter 50(Final)

9.7K 338 14
                                    

ကောင်းကင် ကျောင်းအစည်းအဝေးပွဲတတ်နေရတာ တစ်နေကုန်ပင်ဖြစ်သည်။ တက္ကသိုလ် ကျောင်းသားတွေအတွက်၊ အထက်တန်းကျောင်းတွေအတွက် ၊အလယ်တန်းကျောင်းသားတွေအတွက် တတ်ခဲ့ရတာ အခုတော့ မူလတန်းကျောင်းသားတွေအတွက် အစည်းအဝေးထက်တတ်ရမှာဖြစ်သည်။အကြီးတန်းတွေ တစ်လအတွင်း ဘာပြသနာမှ မရှိတာကြောင့် ကောင်းကင် ခေါင်းမပူရ။မူလတန်းတွေကတော့လုံးဝရှိမှာမဟုတ်ဆိုတာသေချာသကိုး

လာချပေးသည့် ကော်ဖီအစား ပါလာသည် ဓာတ်ဘူး ထဲက ကော်ဖီတစ်ချို့ကိုသာ သောက်ရင်း ။ ကော်ဖီခါးခါးကတောင် ပါးစပ်ထဲချိုမြလျှက် သူ့အသည်းလေးဖျော်ပေးထားတာကြောင့်လေ

"ပညာရေးအပိုင်းကတော့မဆိုးကြပါဘူး စနစ်သစ်ပညာ‌ေရးကလည်း ကျွန်တော်ချပေးထားတဲ့အတိုင်းသွားနိုင်ကြတယ်ဆိုတော့ ရလဒ်တော်တော်လေးကောင်းသားပဲ

စည်းကမ်းရေးရာပိုင်းနဲ့ပတ်သတ်ပြီးပြောပါ"

"စည်းကမ်းရေးရာပိုင်းနဲ့လည်း ကလေးတွေကအဆင်ပြေပါတယ် ဥက္ကဋ္ဌကြီး ဒါပေမဲ့ ..."

"ပြောစရာရှိတာဆက်ပြော"

"ဟုတ်ကဲ့ ဥက္ကဋ္ဌကြီး ကျောင်းစည်းကမ်းချက်တစ်ချို့ မကိုက်ညီတဲ့ ကိစ္စလေးတွေတော့ရှိပါတယ်။ ဒီစည်းကမ်းက အကြီးတန်းတွေအတွက် ချမှတ်ထားပေမဲ့ အကြီးတန်းတွေဆီကတိုင်စာမရှိသလို ချိုးဖောက်သူလည်းမရှိဘူး မူလတန်းတွေမှာ တော့ ဒီစည်းကမ်းချက်မပါပေမဲ့ အဲ့စည်းကမ်းကိုဖောက်ဖျက်တဲ့ကျောင်းသားငယ်လေးတွေရှိပါတယ်"

"ဘယ်စည်းကမ်းချက်တွေလဲ"

"ကျောင်း system တွေကို hacking လုပ်ခြင်း
အစုအဖွဲ့ ဖွဲ့ကာ ကျောင်းသားတွေကိုအနိုင်ကျင့်ခြင်း
တစ်ဖက်ကျောင်းသားအပေါ်ထိခိုက်ကျင်စေခြင်း အဲ့စည်းကမ်းချက် သုံးချက်ပါ ဥက္ကဋ္ဌကြီး"

"ဘယ်အချိန်ကစဖြစ်တာ လဲ "

"ကျောင်းစဖွင့်တဲ့ရက်ကတည်းပါ"

"အဖွဲ့ကစမေးမယ် သူတို့အဖွဲ့ထဲ ဘယ်နှယောက်ရှိလည်း"

"နှစ်ယောက်ပါ ဥက္ကဋ္ဌကြီး"

"အဲ့နှစ်ယောက်ပဲကပဲကျူးလွန်တာလား ၃ ချက်လုံးကို"

"ဟုတ်ပါတယ်"

I am not girl(Complete)Where stories live. Discover now