Chapter 16

7.4K 483 33
                                    

စိမ့် ဘဝမှာ အပင်ပန်း အခက်ခဲဆုံး အချိန်ရယ်လို့တော့ မရှိခဲ့ဖူးဘူး။တစ်ခါတစ်လေ ကိုယ့်ကိုယ် ကိုပဲ မုန်းမိတာမျိုးတော့ရှိတယ်။ငါမိန်းကလေးအဖြစ်မွေးဖွားလာခဲ့ရင်အရာရာ အဆင်ပြေနိုင်လောက်မယ်လို့လေ။ဖေဖေ ရော မေမေ ရော စိတ်ချမ်းချမ်းသာသာရှိနေလောက်မှာ ပြီးတော့ ဖွားဖွားရော.....ဟင့်အင်း ဖွားဖွားကတော့ သူ့အတ္တအတွက်ရှင်သန်နေမှာပဲ ။စိမ့်ဘဝကို ကောင်းကင်ထက်ယံ ဆီရောင်းစားနေအုံးမှာပဲ ။စိမ့်ဘဝကနစ်မွန်းနေရအုံးမှာပဲ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ စတေးမှုတွေဟာ အဆုံးအသတ်မရှိ ကျယ်ပြောစွာလည်ပတ်နေမှာပဲ စိမ့်မိန်းမဖြစ်သည်လော ယောက်ျားဖြစ်သည်လောထက်....စိမ့်နဲ့ ဖေဖေမေမေတို့ဟာ ဖွားဖွားရဲ့ သွေးသားဖြစ်ခဲ့တာကြောင့်ကို မှားယွင်ခဲ့တာ

"စိမ့်ရေ ...... မေမေဝင်လာမယ်နော် "

"ဟုတ် မေမေ"

စိမ့် ရေချိုးပြီး ခေါင်းကို ခြောက်အောင် dryer မှုတ်နေတာဖြစ်သည်။မေမေဝင်လာတော့ မမမြတ်နိုးတို့ပါပါလာကြသည်။uni မှာ ဖြစ်ပျက်ခဲ့တဲ့ ပြသနာက မေမေပါသိသွားတာဖြစ်ပြီး မေမေက အခု စိမ့်ကို စိုးရိမ်တကြီး သတင်းလာမေးတာဖြစ်သည်။ ဘာကိစ္စမှ ကြီးကြီးမားမားမဟုတ်ပေမဲ့ ဒီကျောင်းမှာ အနိုင်ကျင့်ခံရတာမျိုးကို မေမေကစိုးရိမ်နေတာ။ စိမ့်ကလည်း ဘယ်လိုပဲဖြစ်နေဖြစ်နေ မိဘတွေကိုပြန်ပြောတတ်တဲ့ကလေးမဟုတ်တော့ ပိုဆိုးသည်လေ။ငယ်ငယ်ကတည်း ကျောင်းမှာ လူကောင်သေးလို့ ခဏခဏ အနိုင်ကျင့်ခံနေရတာ ကျောင်းကဆရာမ ဖုန်းဆက်ပြောမှ မိဘတွေသိတာ
စိမ့်ကလည်း မေမေတို့စိတ်မကောင်းဖြစ်မှာစိုးလို့ ပြန်မပြောတာဖြစ်သည်။

"သူက ကောင်ကင်ထက်ယံရဲ့ ရည်းစားဟောင်းပါမေမေ"

"ဖြစ်ရချည့်ရဲ့ ဒါစိမ့်နဲ့ဘာဆိုင်လို့လဲကွယ် သားကိုသူကတွန်းတယ် ဆို ဘယ်နား ဒဏ်ရာရခဲ့သေးလဲ"

"မရပါဘူး မေမေရဲ့ ပထမနေ့ကတည်းကပါ ကြာလှပြီ သားအဆင်ပြေတယ် ဂုဏ်ယူစရာမဟုတ်ပေမဲ့ သားကပဲသူ့ကို ဦးအောင် ချခဲ့တာ"

မှန်ထဲကနေ မေမေ့ကိုကြည့်ကပြုံးပြလိုက်သည်။မမမြတ်နိုးကစတင်ပြီး ပြင်ဆင်ခြယ်သနေပြီ ။

I am not girl(Complete)Where stories live. Discover now