Chapter 5

8.8K 523 18
                                    

စိမ့်ပွဲထဲရောက် သည်နှင့် ဖွားဖွားက သူ့စီးပွားရေးအသိုင်းအဝိုင်းကလူတွေ နှင့်မိတ်ဆက်ပေးသည်။စိမ့်ရဲ့ ဂုဏ်ပုဒ်တွေ အပြင် စိမ့်ရဲ့ လှပကြောင်းကိုပါဖော်ပြပေးသည်။ လုပ်ငန်းရှင်တိုင်းကလည်း သူတို့ရဲ့သား တွေ သမီးတွေကို ခေါ်လာကြတာဖြစ်ပြီး စိမ့်နဲ့ မိတ်ဆက်ပေးသည်။ စိမ့်စိတ်ထဲမှာတော့ သူလွတ်မြောက်ဖို့ကလွဲရင် ဘာမှ ရှိမနေပေ

ဖွားဖွားက စီးပွားရေးအသိုင်းအဝိုင်းက လူတွေ နဲ့ရင်းနှီးစေ ရန် သူ့ကို မိန်းကလေးတွေ ယောက်ျားလေးတွေ စုဝေးကာ က နေကြသည့်နေရာသို့သွားခိုင်းလေသည်။

စိမ့်လည်း လက်ထဲဝိုင်ခွက်လေးသာ ကိုင်ထားပေမဲ့ မသောက်ဖြစ် တစ်ခြံလုံး လင်းနေပေမဲ့ လူတွေများပြီး အမှောင်ရိပ်ကျသည့်နေရာရှိသည်မို့ စိမ့်သာ ထွက်ပြေးရင် ထိုအမှောင်ရိပ်ဆီသို့ ပြေးထွက်သွားရမည်ဖြစ်သည်။

မိန်းကလေးတွေထဲကစိမ့်ကိုတကယ်ခင်လို့ချစ်လို့ နှုတ်ဆက်လာသူရှိသလို မနာလိုမှု တွေနဲ့ ဖွားဖွား အရှိန်အဝါကိုမလွန်ဆန်နိုင်လို့သာ ဟန်ဆောင်ပြုံးပြနေသူလည်းရှိကြသည်။

ထိုအထဲမှာ မှ စိမ့်အရှေ့ မတ်တပ်လာရပ်ပြီး ဝိုင်ခွက်ကိုင်တာကအစ သူ့အဆင့်အတန်းဘယ်လောက်ရှိကြောင်း သူဘယ်လောက်လှကြောင့် မာန ‌ေတွ ဘဝင်မြင့်မှုတွေမော်ကြွားနေသည့် မိန်းကလေးမှန်းစိမ့်အလိုလိုသိနေမိသည်။

"တို့ မင်းနဲ့ ကောင်းကင် အကြောင်းတွေကြားတယ် ဒါကပုံမှန်ပေမဲ့ မင်းအဖွားက ဘဝင်‌ေတွသိပ်မြင့်ပြီး မင်းကို နန်းစင်ပေါ်တင်ချင်နေပုံပဲ"

စိမ့်သက်ပြင်းချရင်း ထိုအမကိုပြုံးသာပြလိုက်သည်။စိမ့်မှာ ဘယ်အချိန် သူထွက်လို့အဆင်ပြေမလဲ စဥ်းစားနေတာနဲ့ ပဲ လင်နာရူးမတွေဖက်ပြီး စကားပြောချင်စိတ်မရှိပါ

"ဘယ်သူနဲ့ တွဲပြီးပျက်ပျက် နောက်ဆုံး ငါ့ဆီပဲ ကောင်းကင် ကပြန်လာနေကျပဲ မင်းလဲသူကစား၊စားလို့ဝရင် ငါ့ဆီပြန်လာမှာ အဲ့တာကြောင့် ဘဝင်မြင့်မနေနဲ့ ကြားလား"

"ဟုတ်ကဲ့မမ ကြားပါတယ် ဒါနဲ့လေ မမ အများသုံးအိမ်သာဖြစ်နေလို့ များလား"

I am not girl(Complete)Where stories live. Discover now