Chapter 3

9.3K 634 19
                                    

စိမ့်‌ရောက်လာတော့ သင်တန်း တစ်ခုလုံး ဟာတိတ်ဆိတ်ပြီး မသိရင် သင်တန်းပိတ်ရက် ကို ရက်မှားလာမိသလိုပင်ခံစားနေရသည်။ဘယ်လိုကြောင့်ရယ်မသိပေမဲ့ အခန်းထဲကို ရောက်မှ လူလေးငါးယောက် ဟိုတစ်စ ဒီတစ်စ ထိုင်နေမှ စိမ့်လည်း သူ့နေရာလေးဝင်လိုက်သည်။ စိမ့်တစ်ကိုယ်လုံး ဒီနေ့ အဝါရောင်တောက်နေသည်ဆိုပေမဲ့ ကြည့်ရတာမြင်သူအဖို့ မျက်စိပဒေသာရှိသည့် အလှကို တော့သူ ခံစားမိပါသေးသည်။ ပိတောက်ခတ်တွေ နှင့်ပုံဖော်ဆေးရိုက်ထားသည့် အောက်ခံ အဝါရောင်နှင့် အင်္ကျီလေးသည်အပါးစ လေးကို ပုံစံဆန်းဆန်းလေးဖြစ်သည်၊ပေါင်တို စကပ်လေးကလည်း အင်္ကျီနှင့် ဝမ်းဆက်ပင် ပေါင်တိုစကပ်ပေမဲ့ အထပ်နှစ်ထပ်မို့ လွတ်လွတ်လပ်လပ်နေလို့ရနိုင်သေးသည်လေ။ တစ်နေ့ တစ်မျိုး ဖြစ်နေသည့် စိမ့်အိတ်ကလည်း ဒီနေ့ဆို ဖွားဖွား ရှယ်ယာဝင် brand တစ်ခုဖြစ်သည့် V Brand က ကျောပိတ်အိတ် အဝါလေးဖြစ်သည်။ ခြေအိတ်နှင့်ဖိနပ်ဆိုလည်း ခြေအိတ်က အဝါနု ကလေးကိုမှခြေသလုံးထိ ရှည်သည်။ ဖိနပ်က Nike brand နှင့် Sport ဖိနပ် ဒီဇိုင်းဆန်းဆန်းလေး မို့ စိမ့် ဒီနေ့ ဆံပင်တွေ ကို ဖြာချသည်မို့ တစ်မျိုးတစ်ဖုံ လှပနေပြန်သည်။ခေါင်းတွင်လည်း သနပ်ခါး ပန်းလေးတွေ ပန်ထားသေးသည်၊ ခေါင်းအစ ခြေအဆုံးသူ့သွင်ပြင်က အလှဆုံး တွေထဲက အလှဆုံးဟု ပြောနိုင်ပါသေးသည်။ ပေါင်တံဖွေးဖွေးတို့ကကျစ်လျစ်သွယ်လှနေပြီး အပြစ်ကင်းစင်စွာလှနေပါတော့သည်၊

လွယ်အိတ်ကလေးကို ခုံအောက်သို့သွင်းဖို့လုပ်နေစဥ် အရာဝတ္ထုတစ်ခုခံနေတာကြောင့်
စိမ့် ခေါင်းစောင်းကာ ထိုအရာကိုကြည့်လိုက်သည်။ လက်ဆောင်ဗူးလိုအသွင်အပြင်ကြောင့် ရှုပ်ရှုပ်ယှက်ယှက် ဟုသာတွေးရင်းတစ်ဖက်ခုံ အလွတ်ပေါ်တင်ပြီးသူ့လွယ်အိတ်အဝါလေးကိုထည့်ပြီး အေးဆေးစွာဖုန်းသုံးနေသည်။

"ဝတီလေး ဒီဗူးကဘာကြီးလဲ"

"ဟို ဒီခုံထဲ ကတွေ့လို့ စိမ့်တင်လိုက်တာ မမ ခဏ စိမ့်သွားလွှတ်ပစ်ပေးမယ်"

"လက်ဆောင်ဗူးက တန်ဖိုးကြီးမဲ့ပုံပဲ ဝတီရဲ့ ဖွင့်ကြည့်ကြမယ်လေ"

I am not girl(Complete)Where stories live. Discover now