Chapter 39

6.3K 380 19
                                    

8.3.2027

အနောက်ကနေ၍ ခါးကိုတင်းတင်းဖက်ထားသည့်သားကြာင့် သူ့နေ့စဥ်ဘဝလေးကနွေးထွေးလုံခြုံသလိုခံစားရစမြဲ ။ လေတွေ အလုအယက် တိုက်နေတဲ့ ခံစားချက်မျိုးကိုသားကသဘောကျတာဖြစ်သည်။ဒါ့ကြောင့်လည်း ဒီကောင်က ဆိုင်ကယ်မှဆိုင်ကယ်ဖြစ်နေတာ။ကျောင်းရောက်တော့ ပါးကိုနမ်းပြီး ထူးထူးဆန်းဆန်းတွေပြောလေသည်။

"Daddy ချော.."

"ငါထီထိုးရတော့မလား "

"ဟွန့် .... daddy ရုပ်ဆိုး ညနေကျရင် ရေခဲမုန့်ဝယ်ကျွေးရမယ်"

"ဟုတ်ကဲ့ပါဗျာ daddy ကုမ္ပဏီ ကနေအပြန်ဝယ်ခဲ့ရမလား"

"ဟင့်အင်း တူတူဝယ်စားမှာ"

"ဟုတ်ပြီ ဘိုင့်ဘိုင် ချစ်စရာလေးရေ"

သူ့အား ချစ်စရာလေးလို့ခေါ်သိပ်ကြိုက်သည့်ကောင်ဖြစ်သည်။ပြုံးဖြီးပြီးခုန်ပေါက်က နှုန်ဆက်နေတာပဲကြည့်။ကောင်းကင် သားနဲ့ကျမှပဲ ဘယ်သွားသွားဆိုင်ကယ်နှင့်ပင်။လူပျိုလှည့်တုန်းကဆို ဆိုင်ကယ်ပေါ်ဘယ်သူမှမတင်ချင်တာကြောင့်ကားနဲ့ပဲသွားလာဖြစ်တာ။စိမ့်ငယ်နှင့် သူတွဲဖြစ်တုန်းကလည်း စိမ့်ငယ်၏အသားအရည်လေးတွေပျက်စီးမှာစိုးလို့ ကားနှင့်ပဲ လှည့်ပတ်နေကျ။ ဒီသားမွေးပြီးမှ ဆိုက်ကယ်နဲ့မြို့ပတ်ရတော့တာ

"ကောင်းကင် ဒီနေ့ဘာ meeting မှမရှိဘူး"

"အေးမင်းက မနားဘူးလား "

"ဘာကိစ္စငါကနားရမှာလဲ"

"သြော် မနေ့ကမှမင်္ဂလာဆောင်ထားတာ ပင်ပန်းနေမယ်ထင်လို့"

"မင်းမညစ်ပတ်နဲ့ကောင်းကင်"

ဟိန်းဇက်မျက်နှာကြီးက နီရဲတတ်လာပြီး ကောင်းကင်အားဆဲတော့မဲ့အရိပ်အယောင်အပြည့်ဖြင့်။ကောင်းကင်က တကယ်စိုးရိမ်လို့ပြောတာ ညစ်ပတ်တာတစ်ခုမှမပါပေ။ဒီကောင်က သက်သက်ကို မှောင်နေတာ။

"ငါပြောတာ..."

"မပြောနဲ့ကွာ ငါပဲပြောမယ် အားရင် ဆိုင်ကယ်ကွင်းသွားမယ်"

ကောင်းကင်က လက်မှတ်ထိုးစရာရှိတာတွေထိုးပေးနေရင်း ခေါင်းခါပြလိုက်သည်။

I am not girl(Complete)Where stories live. Discover now