Chapter 44

6.9K 385 24
                                    

April လတစ်လလုံး သူတို့တွေအတူ အချိန်ဖြုန်းခဲ့ကြသည်။နေ့ရက်တိုင်းကဘဝရဲ့ အတောက်ပဆုံးဖြစ်ခဲ့သည်။ဒါပေမဲ့ သူတို့မဆွေးနွေး ရဲတဲ့ နောက်ဆုံးအပိုင်းကိုရောက်လာခဲ့ပြီ။ စိမ့်ငယ် ရန်ကုန်ကို ပြန်လိုက်မှာလား ဒီမှာပဲနေခဲ့ချင်လားဆိုသည့်အပိုင်းပင်ဖြစ်သည်။ကောင်းကင် အနေနဲ့ လုံးဝ ဖိအားပေးတာမျိုးလုပ်မှာမဟုတ်သလို သူ့ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်က စိမ့်ငယ်ကိုရွေးချယ်ခွင့်ပြုမှာပဲ။

"ဘာလို့ငြိမ်နေတာလဲ ကောင်းကင် သားက စျေးထဲသွားမယ်တဲ့ ခေါ်နေပြီလေ"

"သြော် သားသနပ်ခါးလိမ်းတော့မလား ကိုယ်သွေးပေးမယ်"

"ဟင့်အင်း ရေချိုးပြီးတော့ ဟိန်းဇက်လိမ်းနေတုန်း သားကတည်း တစ်ခါတည်းလိမ်းပြီးပြီ အခုက အပြင်သွားဖို့အားလုံးအဆင်သင့်ဖြစ်နေပြီ မင်းပဲကျန်နေတာ"

"ဟုတ်ပြီ ကိုယ်ထွက်လာခဲ့မယ် စိမ့်ငယ် အပြင်မှာစောင့်နေလေ"

"မင်းငါ့ဘက်ကို ခဏလှည့်အုံး ဘာဖြစ်နေတာလဲ မင်းအသံက"

စိမ့်ဘက်ကို ကြည့်မလာဘဲ ကျောခိုင်းထားသူကြောင့်စိတ်ထဲ မတင်မကျဖြစ်ရသည်။အသံကလည်း ထူးဆန်းနေတာမို့ စိမ့် ဒီဘက်လှည့်လာဖို့ပြောတော့ လှည့်မလာဘဲ ပေကပ်နေ၏။စိမ့်စကားအလုံးစုံကို တိတိကျကျလိုက်နားထောင်ပေးဖို့မလိုအပ်ပေမဲ့ ပေါ့

စိမ့်သူ့အရှေ့မတ်တပ်သွားရပ်တော့ နီရဲနေတဲ့ မျက်လုံးတွေကြောင့် စိုးရိမ်မိတာတော့အမှန်ပင်

"ဘာလို့ငိုနေတာလဲ..... ကောင်းကင်ထက်ယံ မဟုတ်သလိုပဲ "

"....."

"ဘာဖြစ်နေတာလဲ ပြောလေ ဘာလို့ ဒီလောက်ငိုထားရတာလဲ"

စိမ့်ကိုယ်တိုင်ကောင်းကင်ရဲ့ ပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေး၏။နီးကပ်လွန်းတဲ့ မျက်နှာနှစ်ခုကိုတော့ စိမ့်ကသတိပြုမိဟန်မပေါ်သေး

"ကိုယ်တို့မနက်ဖြန်ပြန်ရတော့မှာ"

"သိတယ်လေ "

"ကိုယ်...."

"ငါလည်းလိုက်မှာလေ "

စိမ့်ပထမက တန်းလိုက်မသွားဖို့ဆုံးဖြတ်ထားတာ အမှန်ပဲ။ကောင်းကင်ဘက်က လိုက်လာဖို့ပြောရင်တောင် အချိန်ဆွဲဖို့ လုပ်ထားတာ။ဒါပေမဲ့ ဝမ်းပန်းတနည်း ငိုထားသည့် ကောင်းကင်ကြောင့် စီစဥ်ထားတဲ့ အစီအစဥ်တွေအကုန်ပြတ်ပြီ။မမမြတ်နိုးကိုတောင်းပန်ပြီးသာ အလုပ်တန်းထွက်ဖို့ ချက်ချင်းဆုံးဖြတ်ချက်ချကာ သူ့ကို နှစ်သိမ့် လို နှစ်သိမ့်မိစေရန် ပြောချလိုက်ရပြီ

I am not girl(Complete)Where stories live. Discover now