Chapter 17

6.5K 445 24
                                    

"ကိုယ်လက်ထပ်ဖို့အကြောင်းကို မပြောတော့ဘူး ဒီအတိုင်း သူငယ်ချင်းလို နေကြမယ်နော်""

"နောက်ဆုံးတော့ မင်းမှာ အသိနည်းနည်းရှိနေသေးတာပဲ  "

စိမ့်ကိုသူက အခန်းပေါက်ဝထိလိုက်ပို့ပေးပြီးပြန်သွားတယ်။သူအနားမှာ မရှိမှ စိတ်ထဲကျင်းကြပ်နေရသမျှ ကပေါ့သွားတော့သည်။

"ဒီမှာ "

"..."

"ဒီမှာလို့ မောင် ဘာမောင်လဲ ရှေ့ကခွေးသား ခေါ်နေတာ မကြားဘူးလား"

ဟိန်းဇက် ခေါ်ကလည်း ခေါ်ချင် နာမည်ကရုတ်တရက်ပါးစပ်က ထွက်မလာတာကြောင့် နောက်ဆုံးက မောင်ဆိုတာပဲမှတ်မိသည်။ခေါ်နေတာ လှည့်ကြည့်မလာသူကြောင့် ဆဲပစ်လိုက်သည်။ထိုအခါမှ လောရှည်ကောင်ကလှည့်လာသည်။

"ခင်ဗျားဘယ်သူ့ကိုဆဲတာလဲ"

"အယ် မင်းလေ ငါခေါ်နေတာ လှည့်မှ မကြည့်တာ "

"နာမည်ပြောပြီးသား နာမည်ခေါ်လေ ဒီမှာ ဆိုတာ ခေါ်တာ မှမဟုတ်တာ"

"အေး မေ့လို့ကွာ မင်းနာမည်ကရှည်နေတာကို"

"....." မျက်လုံးက ဟိန်းဇက်ကို အပေါ်အောက် စုန်ဆန်ကြည့်ပြီး ပြန်လှည့်ထွက်သွားသည်။ ယူနီဖောင်း ဝတ်ထားတာချင်းတူတူကိုတောင် အထင်သေးတဲ့မျက်လုံးတွေနဲ့

"ဘယ်သွားမို့လဲ "

"Library "

"ငါလည်း သွားမို့ တူတူသွားကြတာပေါ့"

.......

ကုမ္ပဏီရှယ်ယာတွေကမြင့်တတ်လာတာကြောင့် ဦးထက်ဦးယံတစ်ယောက် သားဖြစ်သူကို သဘောကျနေသည်။ကလေးကပျက်စီးနေပေမဲ့ သူ့ရဲ့ ထက်မြတ်မှု ဂုဏ်ရည်ကကျဆင်းမသွားသေးဘူး၊ပျက်စီးတယ်ပြောရအောင်လည်း မိန်းမ လိုက်စားပြီး ဖအေဖြစ်သူကို အရွဲ့တိုက်နေတာပဲ ရှိတာ ကျန်တဲ့နေရာမှာတော့တော်တော်လေး ဂုဏ်ယူထိုက်တဲ့ သား။ မိုးထက်ယံက လည်း ကောင်းကင်ကို ကြည့်ရှုပေးတယ် ကောင်းကင် ပြသနာရှာရင်တောင် သူကတော့ လူကြီးလူကောင်းဆန်ဆန် ဖြေရှင်းတတ်တယ် သားနှစ်ယောက်ကြောင့် သူအနည်းငယ်တော့စိတ်အေးရသေးတယ်

I am not girl(Complete)Where stories live. Discover now