Chapter 34

6.7K 423 16
                                    

မိုးတွေသည်းကြီးမဲကြီးရွာနေတာကြောင့် ရာသီဥတုက အနည်းငယ်အအေးဓာတ်တော့ပိုလေပြီ။အိမ်ရောက်တော့ စိမ့်ငယ်နဲ့အတူ ထမင်းစားသောက်ပြီး ခဏနားကာ အခန်းထဲဝင်လာခဲ့ကြသည်။ကောင်းကင်ကတော့လုပ်လက်စအလုပ်ကလေးတွေလက်စသတ် အုံးမည်။ အာကာထက်ကိစ္စကိုလည်း အပြီးသတ်နေသည်ကြောင့် အနည်းငယ်တော့အလုပ်ရှုပ်နေသည်။ စိမ့်ငယ်ကိုအခန်းထဲ TV ဖွင့်ပေးပြီး သူကတော့ ကုမ္ပဏီသို့ ပြန်ထွက်လာခဲ့တော့သည်။

.....

"The Moon ကအတော်လေးအထိနာသွားပုံပဲ ဟိန်းဇက် မင်းဘယ်လိုကိုင်တွယ်လိုက်တာလဲ"

"The Moon က ဦးနက္ခက် ကကုမ္ပဏီရန်ပုံငွေတွေနဲ့ အခြားကုမ္ပဏီကရှယ်ယာတွေဝယ်ထားတာ ပြီးတော့ အထက်လူကြီးတွေကို လာဘ်ထိုးတာတွေ အကုန်ပေါ်ကုန် ဖော်လိုက်တာ ပထမက ပါးပါးပုတ်ရုံပါပဲ ဒါပေမဲ့ "

"ဒါပေမဲ့...?"

"အဲ့လူက ဝန်ကြီးချုပ်ရဲ့ သမီးနဲ့သူ့သားကို ပေးစားဖို့လုပ်ပြီး သူကုမ္ပဏီကို ကယ်တင်နေတာလေ ထမလာနိုင်အောင်ရိုက်ချပစ်လိုက်တာ"

" မင်းကအချစ်ကြီးလိုက်တာကွာ"

ကောင်းကင်က သူအကောင်းပြောနေသည်ကို မျက်နှာထ ပြောင်တာကြောင့် ဟိန်းဇက် သူ့ကို ရေဘူးနဲ့ကောက်ပေါက်လိုက်သည်။ သူပြောတာလည်းမမှားပေ ဝိုင်းလမင်းမောင် တစ်ခြားမိန်းကလေးနဲ့ယူလို့မရအောင် သူ့အဖေရဲ့အပုပ်အပွတွေကိုသူဖော်ထုတ်လိုက်တာ။အခြေအနေက တော်တော်ပြင်းထန်ပြီး ပွဲကတော့လှနေပြီဖြစ်သည်။ V brand ကလည်း service  ပိုင်းတွေပြသနာတတ်ကြသလို ထုတ်လုပ်မှုပိုင်းတွေလည်း အတော်လေးယိုယွင်းနေပြီ ကမ္ဘာပေါ် ကလုံးဝပျောက်ကွယ်သွားဖို့ပဲကျန်တော့သည်။

Wedding နေ့က စိမ့်ငယ်ဆေးရုံတင်ထားရတုန်း နောက်တစ်ရက်မှာ အာကာထက်က အန်ကယ်ဦးဘုန်းကို ခေါ်ကာ ပြသနာထဲဆွဲသွင်းဖို့လုပ်ခဲ့သည်။သူတို့ ယာယီ ထုတ်လုပ်မှုအချို့ကို ဦးဘုန်းတို့အပိုင်းမှာလုပ်ခဲ့ကြပြီးနောက် တစ်ခြားငှာနက error တစ်ချို့ကို ဦးဘုန်းဆီက error ကျတာဆိုပြီး ပြသနာရှာတာဖြစ်သည်။ဆက်တိုက်နှောက်ယှက်နေတုန်း ရုံးခွဲတွေလေ့လာဖို့ စင်္ကာပူကိုသွားဖို့ daddy ကအကြံပေးရင်းဦးဘုန်းကိုကူညီပေးသည်။အဲ့တစ်ပတ်အတွင်းခြိမ်းခြောက်မှုမျိုးစုံနဲ့ မို့အန်ကယ်တို့ကို စင်္ကာပူမှာအခြေချနိုင်ဖို့ကောင်းကင်ကူညီပေးခဲ့သည်။ကုမ္ပဏီအသေးစားလေး ကိုလက်လွှဲပေးခဲ့သလို အန်တီနန္ဒာရဲ့ မိဘတွေအဒေါ်တွေကအစ စင်္ကာပူကိုပို့ပေးကာ အလုပ်ပေးခဲ့တာဖြစ်သည်။ ဒီလိုဆိုသူတို့လည်း အဆင်ပြေသလို အာကာထက်ရန်ကလည်းလွတ်မယ်မဟုတ်လား

I am not girl(Complete)Where stories live. Discover now